part 22

6.7K 96 3
                                    

ချိုမိုင်မိုင် (အပိုင်း ၂၁)

ခန့်ဘုန်းနေမကောင်း၍ ကျောင်းမလာဘူးဆိုသည့်အကြောင်း ဖုန်းဆက်ခိုင်းထားသည်ကို လေဟင်တစ်ယောက်မဆက်ရသေးပေ။ နာရီကြည့်တော့ ညရှစ်နာရီရှိနေပြီဖြစ်၏။ ခန့်ဘုန်းနှင့်ဝေဟင်တို့ဆေးခန်းသွားသည်နှင့် ကိုယ်ဝန်ရှိသည့်ကိစ္စတို့ကြောင့် အပျော်လွန်နေရ၍မဆက်ဖြစ်သေးပေ။ 

ယခုဆက်မည်ဆိုတော့ အချိန်ကမိုးချုပ်နေ၍ဆက်ရင်ကောင်းမလား။မဆက်ဘဲထားလျှင် ကောင်းမလားဝေခွဲရခက်နေ၏။ ထို့နောက်မနက်အစောကြီးကားဂိတ်မှာ ခန့်ဘုန်းနှင့်ဝေဟင်တို့ကိုစောင့်နေမည်စိုး၍ ဖုန်းခေါ်လိုက်လေသည်။ 

ဖုန်းနှစ်ခါမြည်သံအဆုံး၌ တစ်ဖက်ကဖုန်းကိုကိုင်လာလေသည်။ အသံကတည်တည်ငြိမ်ငြိမ်နှင့်ပင်ဖြစ်သည်။ 

"မစုရှင်းခိုင်လား"

"ဟုတ်ကဲ့ဘယ်သူလဲ။"

"ကိုယ် လေဟင်ပါ။ ခန့်ဘုန်းအစ်ကို"

ဝေဟင့်အစ်ကိုဟာပြောမည့်အစား ဘာကြောင့်ခန့်ဘုန်း၏အစ်ကိုဟုထွက်သွားသည်ကို မသိလိုက်ပေ။ 

"ဘာကိစ္စရှိလို့လဲ"

ပြန်မေးပုံက ပြတ်သားလေသည်။ 

"မနက်ဖြန် ညီမလေးကကျောင်းတက်မှာ မဟုတ်ဘူးဆိုတဲ့အကြောင်း လှမ်းဖုန်းဆက်ခိုင်းလို့ပါ။"

"ဟုတ်ကဲ့...ခန့်ဘုန်း ဖျားလို့လား"

"ဟုတ်တယ် နေမကောင်းနည်းနည်းဖြစ်နေတယ်".

"ဟုတ်ကဲ့"

ထို့နောက်စကားစပြတ်သားသည်။ သူ့ဘက်ကဖုန်းအရင်ချလိုက်ရ၏။ ဘာမှပြောစရာမရှိပါဘဲ။ထိုစုရှင်းခိုင်ဆိုသည့် ကလေးမကိုဘာကြောင့်သူစကားပြောချင်နေသည်မသိ။ အိပ်ရာထဲလှဲအိပ်နေရင်း မျက်နှာတည်တည်နှင့်ကောင်မလေး၏ရုပ်သွင်ကပေါ်လာလေသည်။ အမြင်ကပ်စရာကောင်းသည့်ကောင်မလေးဖြစ်၏။ 

......... .......... ........... ........... ........... ........... .........

ကိုယ်ဝန်ရှိသည်ဆိုထဲက တရှုံ့ရှုံ့ဖြစ်နေသည့် ခန့်ဘုန်းကို အိပ်ရာထဲမှာပွေ့ဖက်ပြီး ချော့နေရသူကဝေဟင်ဖြစ်သည်။ချော့နေပေမဲ့သူ့မျက်နှာကပြုံးစိစိဖြစ်လေသည်။ 

ချိုမိုင်မိုင်Where stories live. Discover now