part 16

7.7K 189 0
                                    

ချိုမိုင်မိုင် (အပိုင်း ၁၆)

မင်္ဂလာပွဲပြီး၍ အားလုံးပုံမှန်အတိုင်း ဖြစ်လေသည်။ခန့်ဘုန်းကဒေါ်နွဲ့ရီနှင့်အိပ်မြဲတိုင်း အိပ်ရသလို ဒေါ်နွဲ့ရီကျွေးသမျှကိုလည်းစားရလေသည်။ ဝေဟင်ကလည်းအရင်ကလို တဆာဆာပူစာတာမျိုးမလုပ်ပေ။

ခန့်ဘုန်းကျောင်းတက်ဖို့ကိစ္စကိုပဲ ခေါင်းထဲရှိလေသည်။တစ်နေကုန်အလုပ်လိုက်လုပ်၊ ညပြန်လာလျှင်ခန့်ဘုန်းနှင့်နှစ်ယောက်အတူ အိမ်အောက်ကပီနီအိတ်ခွံပေါ်မှာထိုင်ပြီး တီတီတာတာလေးများပြောရသည်ကိုပဲ ကျေနပ်လေသည်။

"ခန့်ဘုန်း ငါနင့်ကိုဆေးကျောင်းထားပေးမယ် သိလား"

"နင်ကရော"

"ငါက ရိုးရိုးမေဂျာပဲတက်မှာ"

"ဒါဆိုငါတို့နှစ်ယောက် အတူတူကျောင်းတက်လို့မရတော့ဘူးပေါ့နော်"

"အတူမတက်ရလည်း ဘာမှမဖြစ်ပါဘူး။ နင်ဆေးကျောင်းတက်ဖို့ကအရေးကြီးတယ်။ နင့်ကိုဆရာဝန်မကြီးဖြစ်စေချင်တယ်သိလား"

"တကယ်ပြောတာလား..."

"တကယ်ပေါ့"

ဝေဟင့်စကားကြောင့် ခန့်ဘုန်းမှာပျော်ရသည်။ သူ့ကိုအားကိုးရသည့်အခါ ခန့်ဘုန်း၏အကြည့်တို့ကအစ အရောင်ကလေးများလဲ့ကာ တောက်ပ၏။ခန့်ဘုန်းက သူ့ကိုလေးစားလာသည့်အခါ၊စိတ်ပျော်ရွှင်သည့်အခါ သူ့ပါးပြင်ကိုမွှေးမွှေးပေး၍ ဆုချတတ်သည်မှာထုံးစံဖြစ်လာလေသည်။

ခန့်ဘုန်းထိုသို့ဆုချသည့်အခါဝေဟင်မှာလည်း ပီတိတွေဖြစ်လာသလို တစ်နေ့တာရှာရသမျှပိုက်ဆံကို အအေးပင်ဝယ်သောက်မလာတော့ပေ။ပြန်ရောက်သည်နှင့်ခန့်ဘုန်းလက်ထဲကို အကုန်အပ်လေသည်။ပြီးမှခန့်ဘုန်းကို ပြောပြီးတစ်အိမ်ကျော်မှာဇီးဖျော်ရည်သွားဝယ်သောက်တတ်လေသည်။

"ငါသွားဝယ်ပေးမယ်"

ခန့်ဘုန်းက အပြင်ကပြန်လာသည့်သူ့ကိုမထွက်ခိုင်းဘဲ ကိုယ်တိုင်သွားဝယ်ပေးတတ်၏။

"ဝေဟင်...နင်အလုပ်လုပ်ရတာ တအားပင်ပန်းလားဟင်။ငါနှိပ်ပေးရမလား"

သူ့ရင်ခွင်ထဲမှီပြီး ခန့်ဘုန်းက တစ်ခါတစ်ရံချစ်စရာကောင်းအောင်ပြောတတ်လေသည်။ သူတို့နှစ်ယောက်လုံး၏အခြေအနေသည် ကျောင်းမဖွင့်ခင်အချိန်ထိသာယာစိုပြေလေသည်။
......... ............ ............. .............. ............. ..............

ချိုမိုင်မိုင်Where stories live. Discover now