part 17

8.1K 179 2
                                    

ချိုမိုင်မိုင် (အပိုင်း ၁၇)

နောက်တစ်နေ့ မိုးလင်းမှ အိမ်ပြန်လာကြသည့် ခန့်ဘုန်းနှင့်ဝေဟင့်ကို အမေကအိမ်ပေါက်ဝကနေစီးကြိုလေသည်။ သူ့ကိုမြင်သည်နှင့်အမေက လက်ထဲကပန်းကန်ပြားပျံကို လွှတ်လိုက်လေသည်။ ချက်ချင်းဆိုသလို ခန့်ဘုန်းကိုထိမှာစိုး၍သူ့ကိုယ်လုံးနှင့် ကာပေးလိုက်လေသည်။

"တော်တော်ကို ခိုးပြေးချင်ဦး၊ခိုးပြေးချင်ဦး"

အမေက ဒေါသထွက်ကာပြေးရိုက်လေသည်။ သူ့ကျောပြင်ကိုတဗုန်းဗုန်းထုရိုက်ပြီးသည့်အခါ ခန့်ဘုန်းကိုလည်း ခွက်ခနဲခေါင်းခေါက်လေသည်။

"အ....အဟင့်...ဟင့်...ဟင့်..."

ခေါင်းခေါက်ခံရသည့် ခန့်ဘုန်းက အော်ငိုလေသည်။

"အမေ့..."

"ဘာလဲ....ဘာလဲ...."

ခန့်ဘုန်းကို ခေါင်းခေါက်တော့ သူကအမေကိုဘုကြည့်ကြည့်လေသည်။ထိုအကြည့်တွေကြောင့် အမေကဒေါသပိုထွက်လေသည်။ခေါင်းတစ်ချက်ပဲခေါက်ယုံနှင့် ငယ်သံပါအောင်အော်ငိုနေသည့်ခန့်ဘုန်းကိုလည်း ပို၍ဒေါသဖြစ်လာလေသည်။

"ကြပ်ကြပ်သတိထားကြ။ အဲ့လောက်တောင်အတူနေချင်နေရင် နေကြ။မတားတော့ဘူး"

"ကောင်းသားပဲကွာ"

အဖေကဝင်ပြော၍ အမေ့မျက်လုံးတွေက အဖေ့ဆီရောက်သွားလေသည်။ ထို့နောက်ဒေါသတကြီးအိမ်ပေါ်တက်သွား၏။ထိုနေ့ကစလို့ အမေနှင့်ခန့်ဘုန်းနေသည့်အခန်းသည် သူတို့နှစ်ယောက်အတွက်ဖြစ်သွားလေသည်။ အမေကအရင်အတိုင်းမီးဖိုချောင်မှာပြန်အိပ်၏။

ခေါင်းခေါက်ခံလိုက်ရပေမဲ့ ခန့်ဘုန်းပျော်သွားလေသည်။ ဝေဟင်ကလည်းတက်ကြွသည့်ကြက်ဖလိုသူ့ပစ္စည်းတွေအခန်းထဲရွေ့လေသည်။ နှစ်ယောက်ကိုယ်ပိုင်အခန်းလေးကို နေချင်စဖွယ်ပြင်ကြဆင်ကြ၏။

"ဝေဟင်..."

"ဟင်..."

"ငါတို့ကျောင်းတက်ရင်ဝတ်ဖို့ အဝတ်စားအသစ်ဝယ်ရအောင်"

"နင့်အတွက်ပဲဝယ်ပါ။ ငါတော့မဝယ်တော့ဘူး"

"နင့်မှာ ပုဆိုးတွေမှမရှိတာ"

ချိုမိုင်မိုင်Where stories live. Discover now