part 32

6.2K 140 0
                                    

ချိုမိုင်မိုင် (အပိုင်း ၃၂)

ကျောင်းဆင်းချိန် ဝေဟင်က လာမကြိုဘူးဟု

ပြောသွား၍ ခန့်ဘုန်း ကိုယ့်ဘာသာပြန်လာခဲ့သည်။စုရှင်းခိုင်တို့နှင့် လမ်းခွဲပြီး ခန့်ဘုန်းတစ်ယောက်ထဲပြန်လာခဲ့လိုက်သည်။ ညစာအတွက်ပြင်ဆင်ပြီး ရေမိုးချိုးကာ စာကျက်စရာရှိသည်ကိုကျက်နေပြီး စောင့်နေလိုက်၏။သို့သော်ဆယ်နာရီကျော်သည်ထိ ပြန်မလာ၍ ခန့်ဘုန်းသူ့ကို ဖုန်းဆက်လိုက်သည်။သူကဖုန်းမကိုင်။ 

သုံးခါခေါ်ပြီးသည်ထိ မကိုင်၍ ခန့်ဘုန်း ဆက်မခေါ်တော့ပေ။မနက်ဖြန်ကျောင်းထမင်းချိုင့်အတွက်ကို ညထဲကကြိုပြင်ဆင်ပြီး ညစာကိုလည်းတစ်ယောက်ထဲစားပြီး အိပ်ရာဝင်လိုက်၏။ မနက်မိုးလင်းမှကျောင်းသွားဖို့ အိပ်ရာကထသည့်အခါ ဘေးကိုကြည့်တော့ဝေဟင့်ကိုမတွေ့ပေ။ 

"ဘာလဲ...ညကပြန်မလာဘူးလား"

ခန့်ဘုန်း အိပ်ရာကိုကြည့်ပြီး မျက်မှောင်လေးကျုံ့သွား၏။ဖုန်းကိုကောက်ဖွင့်လိုက်သည့်အခါ စာဝင်ထားလေသည်။ 

"ခန့်ဘုန်း ငါဒီရက်ပိုင်း အိမ်ပြန်မလာဖြစ်ဘူး။ ရိုက်ကူးရေးရှိလို့ ကလောဘက်ကို လိုက်သွားရတယ်။သုံးရက်လောက်တော့ကြာမယ်"

စာကိုဖတ်ပြီး ခန့်ဘုန်း ကျောင်းသွားစရာရှိသည်ကိုသွားဖို့ပြင်ဆင်ပြီးထွက်လာခဲ့လိုက်သည်။ လက်ထဲကပိုက်ဆံကိုကြည့်ပြီး သက်ပြင်းချနေရသည်။မနေ့က ဝေဟင်ပေးခဲ့သည့် မုန့်ဖိုးမှာကားခနှင့်ထမင်းချိုင့်ထုတ်ဖို့ဝယ်ခြမ်းရင်း ကုန်တော့မည်။ဒီနေ့ ကားခပေးလိုက်လျှင်ကုန်ပြီဖြစ်၏။ ဝေဟင်ကလည်းသုံးရက်ကြာမှပြန်လာမည်ဆို၍ ခန့်ဘုန်းစိတ်ညစ်သွားရလေသည်။ 

ကျောင်းရောက်မှ ငြိမ်းသွယ်နှင့် စုရှင်းခိုင်းတို့ဆီကနေ ခဏချေးဖို့တွေးထားလိုက်၏။ 

"စုရှင်း....ငြိမ်းသွယ်ရော"

ကျောင်းရောက်တော့ ငြိမ်းသွယ်ကိုမတွေ့၍ မေးလိုက်လျှင်စုရှင်းခိုင်ကသက်ပြင်းချလေသည်။ 

"ကျောင်းသုံးရက်ပျက်မယ်ဆိုပြီး ခွင့်လာတိုင်ပြီး စောစောကပဲပြန်သွားပြီ"

ချိုမိုင်မိုင်Where stories live. Discover now