part 36

6.4K 160 1
                                    

ချိုမိုင်မိုင် (အပိုင်း ၃၆)

စုရှင်းခိုင်နှင့် ငြိမ်းသွယ်ကိုပဲ နူတ်ဆက်၍ ကျောင်းပြောင်းခဲ့သည့် ခန့်ဘုန်းမှာ နေရာအသစ်၌ သူငယ်ချင်းအသစ်ကိုလည်း မရှာမိပေ။ကျောင်းမှာ တစ်ယောက်ထဲ ငေါင်ငေါင်ကလေးဖြစ်နေ၏။ အတွေးတွေထဲကနေ တစ်ခုမဟုတ်တစ်ခုကိုတော့လွမ်းသလိုခံစားနေရလေသည်။

"ဟိတ်...ကျောင်းသူအသစ်"

ဘေးကို လာထိုင်သည့် ကောင်လေးတစ်ယောက်ကြောင့် ခန့်ဘုန်းဘေးကိုတိုးလိုက်၏။ဝန်ကြေတန်းကြေသာပြုံးလိုက်၏။

"ဘာတွေငိုင်နေတာလဲ။ အတန်းချိန်နားတုန်း တစ်ခုခုသွားစားလေ"

"နေပါစေ...တော်ပြီ"

"ဘာလဲ...ပိုက်ဆံမပါလို့လား။ ကျွန်တော်ဝယ်ကျွေးမယ်လေ"

"ဟင့်အင်း...မဟုတ်ပါဘူး"

ခန့်ဘုန်းငြင်းလိုက်၏။ ထိုအချိန် နောက်ထပ်ကောင်မလေးနှစ်ယောက်လည်း ရောက်လာ၏။

"ဟိတ်...လာလေ။ အပြင်သွားရအောင်"

"နေပါစေ...မလိုက်တော့ဘူး"

ခန့်ဘုန်း မျက်နှာတည်တည်လေးနှင့်ပင် ငြင်းလိုက်သည်။ခန့်ဘုန်းကို လူမှုရေးခေါင်းပါးသည့်လူ၊ မဖော်ရွေသည့်လူဟု ထင်ချင်လည်းထင်ပါစေတော့။

ထိုနေ့ကတည်းကဘယ်သူလာခေါ်ခေါ် ခန့်ဘုန်းငြင်းပြီးတစ်ယောက်ထဲနေနေခြင်းကြောင့် ကျောင်းအသစ်မှာခန့်ဘုန်းဟာ မာနကြီးသည်။ချေသည်ဆို၍နာမည်ကြီးလေသည်။ ကျောင်းပြောင်းပြီးသည့်နောက် ခန့်ဘုန်းဖုန်းကဒ်တွေပါပြောင်းခဲ့သည်။

ရှိနေသည့်ဖုန်းနံပါတ်တစ်ချို့ကို မှတ်ထားပေမဲ့မလိုအပ်သည့်အရာအားလုံးကိုမေ့ပျောက်ဖို့ကြိုးစားခဲ့သည်။

ရှုတင်တစ်ဖြတ်နားချိန် ရန်ကုန်ကိုပြန်ခွင့်ရသည့်အခါဝေဟင်ကရန်ကုန်ကိုပြန်လာသည်။သ်ု့သော် တိုက်ခန်းမှာခန့်ဘုန်း၏ပစ္စည်းဘာတစ်ခုမှမတွေ့ရပေ။ ဒီတော့မှ ကိုကိုဖုန်းဆက်ပြောသည်မှာ တကယ်မှန်းသိလိုက်၏။

ခန့်ဘုန်းကို ဖုန်းဆက်သည့်အခါ ဖုန်းကစက်ပိတ်ထားသည်ဟုဆိုလေသည်။သုံးလေးငါးခါ ခေါ်လည်းမရပေ။သူတခြားလူတွေကို ဖုန်းဆက်မေးသည့်အခါသူတို့ဆီကိုလည်း ခန့်ဘုန်းဟာအဆက်အသွယ်မလုပ်ဘူးဟုပြောကြလေသည်။

ချိုမိုင်မိုင်Where stories live. Discover now