part 40

7.3K 150 0
                                    

ချိုမိုင်မိုင် (အပိုင်း ၄၀)

ပြဿနာတွေတန်းစီပြီး ဝင်ရောက်လာ၍ ခန့်ဘုန်းမှာ မန္တလေးပြန်မည့်ကိစ္စမှာ မပြန်ဖြစ်သေးဘဲ ရှိနေ၏။အသဲတုံးကို စိတ်ပူ၍စိုးရိမ်သေည်လည်း အသဲတုံးကတော့ အေးအေးလူလူပင်။သူ့နည်းသူ့ဟန်ဖြင့် ရန်ဖြစ်လေသည်။ ခန့်ဘုန်းမှာအသဲတုံးအခုလိုမျိုး အကောင့်အတုဖြင့်ရန်တွေ့နေသည်ကိုလူတွေသိသွားမှာလည်း စိုးမိလေသည်။

ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းဆက်လိုက်တိုင်းဖုန်းမကိုင်သည့် ဝေဟင့်ကိုသာဒေါသထွက်နေခဲ့ရသည်။ ဘာပဲဖြစ်ဖြစ်ထားရစ်ခဲ့လိုက်မည်ဟုတွေးသော်လည်း ခန့်ဘုန်းမထားခဲ့နိုင်ပြန်။ ထို့ကြောင့်ဝေဟင်နှင့်အနီးကပ်ရှိသည့် စိုးမင်းပိုင်ကိုသာအကျိုးအကြောင်းလှမ်းမေးရ၏။

"ဟိုတစ်ယောက်က ဘာလို့ဖုန်းမကိုင်တာလဲ။ သူအမြဲတမ်းအဲ့လိုလုပ်နေလို့ ငါဒေါသထွက်စိတ်တိုရပေါင်းမနည်းတော့ဘူး"

ခန့်ဘုန်းပြောတော့လည်း စိုးမင်းပိုင်က နားထောင်ပေး၏။သက်ပြင်းတွေအကြိမ်ကြိမ်ချကာ ခန့်ဘုန်းကို နှစ်သိမ့်ပြန်လေသည်။

"ဝေကြီးလည်း ကိစ္စရှိလို့ဖုန်းမကိုင်သေးတာနေမှာပါ။ တအားလည်းဒေါသထွက်မနေပါနဲ့ နင်ပဲစိတ်ပင်ပန်းမှာ"

"အေး....ပင်ပန်းတယ်။ စိတ်ရောလူရော အမြဲတမ်းပင်ပန်းတယ်။ နင့်သူငယ်ချင်းက အမြဲတမ်းငါ့ကိုစိတ်ဒုက္ခတော်တော်ပေးတယ်။ အခုသူ့ကြောင့်အသဲတုံးကို သူများတွေပြောစရာဖြစ်လာမှာကို ပိုပြီးဒေါသထွက်တယ်။နင့်သူငယ်ချင်းကို တွေ့ရင်ပြောလိုက်။ဖုန်းမကိုင်ရင် ငါ့အကြောင်းသိမယ်ပြောလိုက်။"

"စိတ်လျော့ပါ ခန့်ဘုန်းရာ"

"ဘာကိုစိတ်လျော့ရမှာလဲ။ မလျော့နိုင်ဘူး။"

"ခန့်ဘုန်း.... နင်ကလည်း ဒေါသထွက်တာလည်းထွက်ပေါ့။ ငါ့ယောကျ်ားကိုတော့မထွက်နဲ့"

ဖုန်းပြောနေရင်း ငြိမ်းသွယ်က ဝင်ပြော၍ ခန့်ဘုန်း စိတ်တိုနေတာတွေလျော့ချလိုက်ရသည်။တကယ်ဒေါသထွက်သင့်သည့်လူကတစ်ယောက်ဖြစ်ပေမဲ့ ခန့်ဘုန်းကမဆိုင်သည့်လူကို ဒေါသထွက်နေမိလေသည်။

ချိုမိုင်မိုင်Where stories live. Discover now