part 44

7.5K 163 1
                                    

ချိုမိုင်မိုင် (အပိုင်း ၄၄)

ခန့်ဘုန်းနောက်ကနေ အတင်းလိုက်လာခဲ့ပြီး ကြည်ဖြူဖြူ မဖြူဖြူ ခန့်ဘုန်း၏ခါးကိုလည်း  ဖက်၍လိုက်ခဲ့လေသည်။ စျေးရောက်သည့်အခါ ခန့်ဘုန်းကဆိုင်ကယ်ကို အပ်ပြီးရုံထဲဝင်သည့်အခါ သူနောက်ကနေ တကောက်ကောက်ပြေးလိုက်သည်။လူကောင်သေးသလောက် လမ်းလျှောက်မြန်သည့် ခန့်ဘုန်းကိုအမှီလိုက်ရလေသည်။

ခန့်ဘုန်းက ပိတ်စရုံဖက်ကိုသွားကာ အသဲတုံးပို့ပေးထားသည့်ပုံလေးကို ဆိုင်ရှင်ဆီပြလျှက်ပိတ်စတွေမေးနေလေသည်။ ပိတ်စဆိုင်မှာပင် အချိန်တစ်နာရီကျော်ကြာအောင် ခန့်ဘုန်းကသေသေချာချာ မေးလိုက်မြန်းလိုက်ဖြင့် စိတ်ရှည်ရှည်နဲ့ ဝယ်နေလေသည်။နောက်ဆုံးမှ စိတ်တိုင်းကျပြီဆိုလျှင် ဆိုင်မှထွက်ခဲ့၏။

"ပိစိ...ဘာလို့ အများကြီးဝယ်တာလဲ။ ပေး...ပေး...ငါသယ်ပေးမယ်"

ခန့်ဘုန်းလက်ထဲက ပစ္စည်းတွေကို သူကူသယ်သည့်အခါ ခန့်ဘုန်းက အေးအေးဆေးဆေး ပေး၏။

"ဝယ်စရာရှိသေးတယ်။ ကိုင်ပေးမယ်ဆိုတော့လည်း ကိုင်ပေးပေါ့ "

"ဘာဝယ်ဦးမှာလဲ ပိစိ"

"မိန်းကလေး ပစ္စည်းလေးနည်းနည်းဝယ်ချင်သေးတယ်"

သူ ခေါင်းတညိတ်ည်တ်ဖြင့် ခန့်ဘုန်းနောက်ကနေ လိုက်လေသည်။အလှကုန်ပစ္စည်းဆိုင်ရောက်သည့်အခါ ကလစ်လှလှလေးတွေ၊ ခေါင်းစည်းကြိုးလှလှလေးများကို ဝယ်ရင်းခန့်ဘုန်းမှာ ပြုံးနေလေသည်။ မျက်လုံးထဲ၌လည်း ဆံပင်ရှည်ရှည်လေးများနှင့်လှနေသည့်အသဲတုံးကို မြင်ယောင့မ်လေသည်။ခန့်ဘုန်းလိုမဟုတ်ဘဲ ဆံပင်အရှည်ထားရသည်ကိုသဘောကျသည့် အသဲတုံးအတွက် ခေါင်းစည်းကြိုးလှလှလေးတွေကိုအများကြီးဝယ်နေမိသည်။

"ပိစိ....."

ခေါင်းစည်းကြိုးတွေ အများကြီးကိုင်ထားသည့် ခန့်ဘုန်းကိုဘေးကနေ ဝေဟင်ခေါ်လိုက်မိ၏။

"ဘာလဲ"

"နင့်မှာ ခေါင်းစည်းလို့ရတဲ့ထိ ဆံပင်မရှည်ဘူးလေ။ဘာလို့အများကြီးဝယ်နေတာလဲ။ ဆံပင်အရှည်ထားမလို့လား"

ချိုမိုင်မိုင်Where stories live. Discover now