part 20

7.7K 178 1
                                    

ချိုမိုင်မိုင် (အပိုင်း ၂၀)

ဝေဟင့်တွင် ရည်ရွယ်ချက်တစ်ခုတိုးလာ၏။ထိုတိုးလာသည့်ရည်ရွယ်ချက်မှာ သူ့အစ်ကိုလေဟင်ကို မိန်းမမြန်မြန်ပေးစားချင်သည့်ကိစ္စသာဖြစ်လေသည်။ 

တက္ကသိုလ်က ဆရာမအပျိုကြီးများအား သူ့တွင်အစ်ကိုတစ်ယောက်ရှိကြောင်း၊မည်မျှချောကြောင်း၊ တက္ကသိုလ်တက်စဥ်ကပင် ကင်းဘွဲ့ရ၍မိန်းကလေးများ ဝိုင်းနေအောင်ပင်ချောမောကြောင်း၊ခန့်ညားကြောင်း​ ကြုံတိုင်းပြောတတ်လေသည်။ 

ထိုအခါ ဘေး၌အမြဲတတွဲတွဲရှိတတ်သည့် စိုးမင်းပိုင်မှာသူ့ကို မျက်နှာကြီးတမဲ့မဲ့ဖြင့်ကြည့်နေတတ်လေသည်။ 

"ဝေဟင်...မင်းဟာကလည်း တော်ရုံပဲစျေးဗန်းလိုက်ခင်းပါကွာ။ မင်းအစ်ကိုကမကြိုက်ရင်သက်သက်ပြဿနာဖြစ်ဦးမယ်"

စိုးမင်းပိုင်က တားပေမဲ့ သူက လက်မခံပေ။ လေဟင့်ကိုမိန်းမမြန်မြန်ယူစေချင်သည့် စိတ်ကကြီးစိုးလို့နေလေသည်။ 

ညနေကျောင်းပြန်သည့်အခါ ခန့်ဘုန်းတို့ကို ဝေဟင်နှင့်စိုးမင်းပိုင်နှစ်ယောက်အတူ သွားကြိုကြသည်။စိုးမင်းပိုင်ကလည်း မငြီးမငြူနေ့တိုင်းလိုက်ခဲ့ပေးလေသည်။ ဒီနေ့လည်းအတူသွားကြိုရင်း ဝေဟင်ကိစ္စတစ်ခုကိုသတိရသွားလေသည်။ 

"ပိုင်ကြီး...မင်းကိုငါမေးစရာရှိတယ်"

"ဘာလဲ"

"ငါတို့အိမ်မှာ မုန့်လုပ်စားတဲ့နေ့က မင်းကိုငါကြည့်နေတာ။မင်း ခန့်ဘုန်းသူငယ်ချင်းကိုကြိုက်နေတာမလား။ဦးထီးရဲ့သီချင်းကို ဆိုနေကတည်းကငါရိပ်မိတယ်"

စိုးမင်းပိုင်က ပြန်မဖြေပေ။ ပြုံးနေ၏။ 

"ပိုင်ကြီး...ငါမေးနေတယ်...မင်းစုရှင်းခိုင်ကို ကြိုက်နေတာမလား"

ဒီတစ်ခါတော့ စိုးမင်းပိုင် မျက်နှာပျက်သွားလေသည်။ 

"ဘာလဲ မဟုတ်ဘူးလား"

"အင်း...."

"မသိပါဘူး...ငါက စုရှင်းခိုင်ကိုမင်းသဘောကျနေတယ်မှတ်လို့"

ချိုမိုင်မိုင်Where stories live. Discover now