part 6

8.5K 193 0
                                    

ချိုမိုင်မိုင် (အပိုင်း ၆)

ကျောင်းတွေဖွင့်၍ ပြန်တက်ရသည့်အချိန် အရင်ကထက် ဝေဟင်မှာ စာတွေဆက်တိုက်ပို့လေသည်။စာထဲ၌ခန့်ဘုန်းကို သတိရသည့်အကြောင်းတွေကများလေသည်။ အရင်ကဆိုစာရေးရင် တိုတိုလေးရေးသည့် ဝေဟင်မှာသီတင်းကျွတ်ပိတ်ရက်တုန်းက ချိန်းတွေ့ပြီးကတည်းက စာရေးသည့်အခါအရှည်ကြီးရေးသလို စကားလုံးတိုင်းမှာလည်းအချစ်တွေအပြည့်ပါနေလေသည်။

"ဝေဟင်က နင့်ဆီစာတွေဆက်တိုက်ပို့နေတယ်နော်"

စာဖတ်နေသည့် ခန့်ဘုန်းကို စုရှင်းခိုင်ကမေး၏။ခန့်ဘုန်းခေါင်းလေးညိတ်ကာ ပြုံးလိုက်၏။

"ငါ့ကိုသတိရလို့တဲ့...ဟိ...ဟိ"

"ဒီတစ်ခါနင့်အမေမိရင်တော့ မတွေးရဲစရာဘဲ"

"နင်ကလည်း ပါးစပ်ပုတ်ကြီးနဲ့...ဖက်...ဖက်...လွဲပါစေ။ချော်ပါစေ"

ခန့်ဘုန်းမှာ ရည်းစားဆီကစာကိုဖတ်ရင်း မသေချာသည့်အနာဂတ်ကိုတွေး၍ စိတ်ကူးယဥ်တတ်လာသည်။အနာဂတ်မှာ ဝေဟင့်လက်ကိုတွဲ၍ပျော်ရွှင်ကြည်နူးရသည့် ပုံရိပ်ကလေးတွေကိုမြင်ယောင်မိသည်။ စာထဲကနေ သတိရကြောင်းတွေပြောပြနေသည့်ဝေဟင့်ကိုပင် သနားလာမိလေသည်။

ခန့်ဘုန်း၏မေမေ ပြဿနာသွားရှာခဲ့သည်များကိုပင် ဘာမှပြန်မမေးသလို ပြောလည်းမပြော၍ဝေဟင့်ကိုပိုပို၍သနားလာလေသည်။ ခန့်ဘုန်း၏အချစ်သည် ဝေဟင့်အပေါ် အစကစိတ်ဝင်စား၍တွဲခဲ့ရင်းကနေ တဖြည်းဖြည်းသနားချစ်သို့ကူးလာသလို အချစ်နှင့်ပတ်သတ်၍ပိုပြီးရင်ခုန်တတ်လာလေသည်။

စာမေးပွဲအစိန်ကြီး ဖြေခါနီး၌ဝေဟင့်ဆီကနေ စာတစ်စောင်ရလေသည်။စာထဲ၌နွေရာသီကျောင်းပိတ်လျှင် ဘော်ဒါကနေပြန်ရမည်မို့ ခန့်ဘုန်းကို တွေ့ဖို့အတွက်တိုင်ပင်ခြင်းဖြစ်လေသည်။တွေ့လို့ရမည့်ရက်တွေ၊အချိန်တွေနှင့်နေရာကိုကြိုမေးထားခြင်းဖြစ်လေသည်။စာမေးပွဲမပြီးခင် ဝေဟင့်ဆီစာအရောက်ပြန်ဖို့လိုလေသည်။

ခန့်ဘုန်းမှာစာမေးပွဲအတွက် စာကျက်ရမည်ကိုစိတ်မပူအား။ကျောင်းပိတ်ရက်တွေမှာ ဝေဟင်နှင့်တွေ့ရမည့်အရေးကိုသာ ကြံဖန်ဖို့တွေးနေမိသည်။ နောက်ဆုံး၌ကျောင်းသုံးလပိတ်သည့်ကာလအတွင်း ခန့်ဘုန်း၏ဖေဖေဆီကိုသွားမနေဖို့အတွက်အကြောင်းပြချက်ရှာတွေ့ခဲ့သည်။ ထိုအကြောင်းမှာ မေမေ့ဆီကလွဲပြီးဘယ်သူ့ဆီမှာမှသွားမနေချင်ဘူးဟုအကြောင်းပြရန်ဖြစ်သည်။

ချိုမိုင်မိုင်Where stories live. Discover now