အတွေးသည် လူတစ်ယောက်၏အချိန်ကိုဆွဲယူတက်သည်ဟု ထင်မြင်မိ၏။အညိုတစ်ယောက် အတွေးကမ္ဘာထဲတွင် လည်ပက်နေခြင်းမှာ မြိုင်တို့ပြန်လာသည့်တိုင်အောင်ပင်။
"အညို အညိုကဒီလိုမှ ဘိုင်စကုတ်မင်းသားကြနေတာဘဲ"
မမြိုင်၏မြှောက်ပင့်ပြောနေမှုကြောင့်အနည်းငယ်တော့ရှက်ပြုံးပြုံးမိသည်မှာ အမှန်ပင်။မမြိုင်ပြောလာသည့်စကားအားပြန်လည်၍ ပြောမနေဘဲ ကားရှေ့ခန်းထဲသို့ဝင်ထိုင်လိုက်သည်။
"မမြှောက်နေပါနဲ့ မမြိုင်ရယ်"
"အယ် မမြိုင်ကဘာကိုမြှောက်ရမှာတုန်းအညိုရဲ့"
"ခဏကလေ အညို့ကို ဘိုင်စကုတ်မင်းသားနဲ့တူတယ်လေးဘာလေးနဲ့"
"အဲ့ဒါအမှန်တရားကိုပြောပြတာလေ အမြိုင်တို့များဘယ်သူ့ကိုမှ မမြှောက်ပေါင်"
ဆက်လက်ငြင်းခုံနေလျှင်လည်း ဒီကိစ္စဟာအတန်ကြာရှည်နေမည်ဖြစ်သဖြင့် ထိုနေရာမှာဘဲရပ်လိုက်၏။
လမ်းတွင် ဝယ်ခြမ်းစရာ၊အလုပ်ကိစ္စမရှိသည်မို့ မည်သူ့အိမ်၊မည်သည့်ဆိုင်ကိုမှမဝင်ဖြစ်ခဲ့ကြ။
အိမ်ထဲသို့ဝင်ဝင်ခြင်း ခြံထဲတွင် ကားတစ်စီးအားရပ်ထားသည်ကိုတွေ့လိုက်ရသဖြင့် အညိုမမြိုင်တို့အားကြည့်မိ၏။
"မမြိုင် ဘယ်ကဧည့်သည်ရောက်နေတာတုန်း"
"ဟဲ့ ငါလည်းဘယ်သိမတုန်းမိခိုင်ရဲ့ နင်နဲ့ဒီမှာအတူရှိနေတာကို"
မမြိုင်ကစိတ်မရှည်စွာဖြင့် မခိုင်အားပြောလိုက်သည်။အိမ်ရောက်နေပြီဖြစ်သဖြင့် ကားပေါ်မှဆင်းကြ၏။ထိုအထဲတွင်မခိုင်သည် အဆိုးဆုံးပင်ဖြစ်သည်။
"မမြိုင် ဝင်နင့်ပြီ"
"နင့်ဟာနင်ဝင်ချင်ဝင်မဝင်ချင်နေ"
မခိုင်နှင့် မမြိုင်သည်အမြဲလိုလို ရန်ဖြစ်နေတက်၏။အညိုလဲ အိမ်ထဲဝင်ရန်ခြေလှမ်းပြင်မိသည်။
"အညို ခဏ"
မမြိုင်က ကားနောက်ဖုံးထဲမှပစ္စည်းထုပ်နေရာမှ စက္ကူအိတ်လေးတစ်လုံးအား အညို့အားပေးလာခဲ့၏။
BẠN ĐANG ĐỌC
ပန်းပန်ရင်နန်းဆန်တယ်
Lãng mạnပန်းလေးတွေကလှကြတယ် သူတို့နဲ့လိုက်ဖက်တဲ့သူနဲ့ဆို ပို၍လိုက်ဖက်လှသည်။