အပိုင်း ၁၇ (၁)

613 51 5
                                    


မင်းမောင်တစ်ယောက် ဆန်းမော်အား ဖမ်းခံရပြီးချိန်၌ သူတို့တစ်ဖွဲ့လုံး အုပ်စုခွဲကာ ရှောင်နေခိုင်းရ၏။

ဆန်းမော်ထောင်ကျနေသည့် လေးလအတွင်း ထောင်ဝင်စာတွေ့ဖို့နှင့်လွှတ်ငြိမ်းချမ်းသာခွင့်အတွက် အမျိုးမျိုးကြိုးစားခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။ဒီကိစ္စနှင့်ပက်သတ်၍ စုံစမ်းကြည့်သောအခါ အညို၏အဖေဦးမှိုင်းသာ၏ပယောဂမကင်းကြောင်းသိရှိ၍ အညို့အားအကူအညီတောင်းရန် ရန်ကုန်သို့ထွက်ခဲ့သည်။

အညို့ဖခင်လို နာမည်ကြီးကုန်သည်တစ်ယောက်၏အိမ်အား စုံစမ်းရန်မှာ ခက်ခဲခြင်းမရှိခဲ့ပါ။မင်းမောင်တစ်ယောက် အညိုတို့အိမ်သို့ရောက်ရှိသောအခါ အညို့အားတွေ့ရန်ကြိုးစားခဲ့၏။

“ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ”

ခြံရှေ့၌ရစ်သီရစ်သီလုပ်နေသော မင်းမောင်အား ခြံစောင့်မှမြင်၍ လာမေးခြင်းဖြစ်သည်။

“ဒါဦးမှိုင်းသာတို့အိမ်လား”

“ဟုတ်ပါတယ်”

“ဒါဆိုမြန်းညိုဆိုတာကောရှိလား”

“ဟုတ်ရှိပါတယ်...ဘာကိစ္စများရှိလို့လဲမသိ”

“သူနဲ့စကားပြောချင်လိူ့ပါ...ခဏလောက်ခေါ်ပေးပါလား”

“ဘယ်သူလို့ပြောပေးရမလဲ...ဘာကိစ္စရှိလို့လဲ”

“မင်းမောင်လို့ပြောပေးပါ...ကိုဆန်းမော်အကြောင်းပြောချင်လို့လို့ပြောလိုက်ပါ”

“ခဏတော့စောင့်ပေးပါ”

ခြံစောင်ကောင်လေးက မင်းမောင်အား ခြံရှေ့၌စောင့်စေကာ အိမ်ထဲသို့ပြေးဝင်သွား၏။ခဏကြာတော့ ထိုကောင်လေးကအိမ်ထဲမှ အပြေးလေး ထွက်လာသည်။သူ၏လက်ထဲတွင်လည်း ပိုက်ဆံအုပ်တစ်အုပ်ပါလာ၏။

“သခင်လေးမြန်းညိုကပြောခိုင်းလိုက်ပါတယ်...အဆင့်မရှိတဲ့လူတွေနဲ့စကားပြောဖို့ရာ သူမှာအချိန်မရှိဘူးတဲ့...ပိုက်ဆံလိုချင်နေတာဆိုရင်...ပိုက်ဆံဘဲယူသွားပါတဲ့”

တောက်!

မင်းမောင်တစ်ယောက် ခြံတံခါးမှကျော်ကာ ပေးလာသောရာတန်အုပ်အားကြည့်ကာစိတ်တိုနေမိ၏။အညိုသည် ယခုလောက်အောက်တန်းကျလိမ့်မည်ဟု မင်းမောင်ထင်မထားခဲ့ပါ။

ပန်းပန်ရင်နန်းဆန်တယ်Dove le storie prendono vita. Scoprilo ora