အပိုင်း ၂၀

675 47 0
                                    

အညိုဘူတာသို့ရောက်ချိန်တွင် မနက်ပိုင်းရထားမထွက်သေးသည်မို့ အညို့အတွက်အဆင်ပြေရသည်။အညိုဝယ်လိုက်သောရထားလက်မှတ်မှာ ရန်ကုန်-ကျောက်ပန်းတောင်း ရထားလက်မှတ်ဖြစ်၏။

ရထားစထွက်ချိန်တွင် အညို့စိတ်များသည်လေးလံ၍နေ၏။အညိုသည်ရထားအားတစ်ကြိမ်တစ်ခါမျှ မစီးဖူးသောလူတစ်ယောက်နှင့်တူနေသည်။

ကျောက်ပန်းတောင်းဘူတာသို့ရောက်သောအခါ ကိုမော်တို့ရွာသို့ သွားရန်အဆင်ပြေမည့်နည်းဖြင့် စီစဉ်ခဲ့သည်။ညနေ နေစောင်းချိန်လောက်တွင် ကိုမော်တို့ရွာသို့ရောက်၏။အညိုတစ်ကြိမ်သာရောက်ဖူးသော်လည်း အညို့မှတ်ဉာဏ်ထဲတွင် ထိုအိမ်လေးသည် အမြဲမှတ်မိနေသည်။

အညိုကိုမော်တို့အိမ်သို့ရောက်သွားသောအခါ အိမ်ကလေးသည်ပိတ်ထားသည်။အနီးနားရှိအိမ်မှာလူများပြောကြားချက်အရ မကြာသေးခင်ကမှကိုမော့်အဘွားဆုံးသွားခဲ့သည်တဲ့လေ။

အညိုထိုကိစ္စအားကြားလိုက်ချိန်တွင် ရင်ထဲ၌ ဝမ်းနည်းမှုအားခံစားလိုက်မိရ၏။ခဏတာတွေ့ဆုံခဲ့ပေမယ့်အညို့အတွက်တော့တကယ်ပင်ဝမ်းနည်းရလေသည်။

ထိုအချိန်တွင်ရုတ်တရက် အတွေးပေါ်မိသည်က အဘိုးဖြစ်သူဦးမှိုင်းသာကိုပင်။ထို့အတွက်ကြောင့် အညိုဒီအိမ်မှာနေ၍မဖြစ်နိုင်ဟုတွေးမိလိုက်၏။

အညိုထိုရွာမှတစ်ဆင့် ခြေဦးတည့်ရာသွားရန်အကြောင်းပေါ်လာခဲ့သည်။အညိုထိုနေရာမှစတင်ထွက်ခဲ့ချိန်တွင် နေဝင်လုနီးပါးပင် ဖြစ်နေလေပြီ။ခြေလျင်ခရီးဖြစ်သဖြင့် အချိန်အတော်ပင်ကုန်သွားသော်လည်း ခရီးသည်လိုသလောက်မတွင်ကျယ်ခဲ့ပါ။

“အာ့!ကျွတ်!ကျွတ်!...ကယ်ကြပါဦး”

ရုတ်တရက်ဆိုသလို အနီးနားမှအကူအညီတောင်းသံတစ်ခုအားကြားလိုက်ရသဖြင့် အညို့ခြေလှမ်းများရပ်တန့်သွားရ၏။အကူအညီတောင်းခံနေသောအသံမှာ တိုးဖွနေ၏။

အညိုအသံလာရာအနီးသို့လျှောက်သွားမိ၏။လ၏အရောင်ကြောင့် အကူအညီတောင်းခံနေသော လူအားရှင်းရှင်းလင်းလင်းမြင်နေရ၏။ထိုလူသည်မိန်းမတစ်ယောက်ဖြစ်၏။မိန်းမတစ်ယောက်ဖြစ်သည်ထက် ၎င်းဝမ်းဗိုက်သည်လိုသည်ထက်ပို၍ဆူနေသည်။ထိုမိန်းမသည် သစ်ပင်အားမှီထားပြီး မျက်လုံးများကမူ မှေး၍နေ၏။

ပန်းပန်ရင်နန်းဆန်တယ်Where stories live. Discover now