𝙴𝚙𝚒𝚜𝚘𝚍𝚎 -𝟷

45.6K 1.2K 50
                                    

********

လက်ထက်ပွဲနေရာ ဟု၍ဆိုရင်းပင် သဘောထားအလိုငှာမူ ပျက်သုန်းလျှက်အမည်တပ်ထားခြင်းခံရသည့် အနှစ်သာရမပါသည့် လက်ထပ်ပွဲတစ်ခု။
ဘယ်အခါပြီးမလဲ၊ဘယ်အချိန်ပြီးမလဲဟု၍သာ လက်ပတ်နာရီကိုကြည့်ရင်းပင် နောက်ဆုံးမှာတော့ စင်ဒရဲလားတစ်ယောက်အချိန်ကြ၍ အိမ်ပြန်ရသလို ဤလက်ထပ်ပွဲလဲ အချိန်တစ်ခုသို့ ကြရောက်ပြီး ပြီးဆုံးသွားလေသည်။စိတ်ပျက်အားရုတ်မှုတစ်စိုးတစ်စနှင့်အတူ ခန်းမထဲက ထွက်လာခဲ့သည့် သတိုးသားနှစ်ယောက်။တစ်ယောက်ကချစ်လို့ အတင်းလက်ထပ်ခဲ့သည်ဆိုရင်တောင် ခံပြင်းနေပေရမည်ဆိုပေမဲ့
အခုကိစ္စမှာနှစ်ယောက်လုံးက သဘောကျဟန်လဲမပေါ်။

အခုအချိန်ကတော့ မကျေမချမ်းမှု အနည်းငယ်ကိုထိန်ချန်ယူဆောင်ပြီး နေထိုင်ရမည့် အိမ်တော်ဆီသို့ သွားနေတဲ့ ကားတစ်စီး။ကားထဲ၌လဲ တိတ်ဆိတ်နေသည့် သတိုးသားနှစ်ယောက်။ အတန်ကြာအောင်မောင်းပြီးတာနဲ့ နေထိုင်ရမည့်အိမ်တော်ဆီသို့ ရောက်နှင့်သွားကြလေပြီ။ထိုအိမ်လေးမှာ Weeding မတိုင်ခင်ထဲက နှစ်ဖက်မိဘများက လက်ဖွဲ့အ‌နေဖြင့် ဆောက်ထား ပေးသော အိမ်တော်တစ်ခုပင်ဖြစ်၏။

ဂျောင်ဂု အိမ်တော်ထဲအဝင်သို့ လမ်းလျှောက်ရင်း
စတော်ဘယ်ရီခင်းဘက်သို့လှည့်ကာ ခက်ထန်သောမျက်နှာဖြင့် တီးတိုရေရွတ်လိုက်၏..။

"စိတ်ရှုတ်စရာ"

"ယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး အတင်းပြောသလိုမျိုး တီးတိုးစကားတွေလဲပြောတတ်တာပဲလား၊စတော်ဘယ်ရီတွေက မင်းခေါင်းပေါ်ကို တင်ထားရတာလဲမဟုတ်ဘူး၊မင်းကို စိုက်ခိုင်းထားတာလဲမဟုတ်ဘူး၊ငါဟာငါစိုက်တာမို့ စိတ်ရှုတ်စရာမလိုဘူးထင်တယ်"

'သူတော်တော်စွာသည်။ရုပ်လေးနဲ့မှ မလိုက်ပေ'
ဟူသော ထိုအကြောင်းအရာအား စိတ်ထဲကနေသာ တေးမှတ်ထားလိုက်၏။ ဆက်ပြောစရာစကားရယ်လို့ တစ်ခွန်းတစမရှိတော့သည်ကြောင့် အိမ်တော်ထဲဝင်သွားလိုက်‌‌လေသည်။

ထယ်ယောင်းမှာတော့ စတော်ဘယ်ရီခင်းဘက်ကိုတစ်ချက်စီစစ်ပြီးမှ အိမ်တော်ရှိရာသို့ သွားလိုက်
၏။အိမ်‌တော်ထဲရောက်တော့ ဂျောင်ဂုကိုမတွေ့‌ ချေ။ဂျောင်ဂုကို လိုက်ကြည့်နေဖို့ရာ အကြောင်းမည်မျှရယ်မရှိသည်ကြောင့် အပေါ်ထပ်ကိုသာ တက်သွားလိုက်ပြီး သူ‌နေဖို့ရန်ရွေးထားသည့်အခန်းအား လျှောက်လှမ်းလိုက်၏။
သေသေချာချာပြင်ဆင်ထားတဲ့အခန်းလေးကြောင့် စိတ်သက်သာရာရစေသည်မှာတော့ မလွဲဧကန်ပင်။

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now