𝙴𝚙𝚒𝚜𝚘𝚍𝚎 -9

12.6K 596 32
                                    


"ပုံကြမ်းကို နောက်တစ်ပတ်ကျရင် ပို့လိုက်မှာမို့၊နှစ်ရက်အတွင်း လုပ်ပေးလို့ရမလား‌?"

"ဟုတ်ကဲ့ ရအောင်ကြိုးစားလိုက်ပါ့မယ်..သခင်လေးကင်မ်"

"အွန်း ဟုတ်ပြီဗျ..သွားခွင့်ပြုပါအုံး"

"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ သခင်လေး"

.
.
.
လေတွေတဖြူးဖြူးတိုက်နေတဲ့အချိန်မှာ အဖွားရဲ့မြေအိုးလေးထားရာကို အရင်တိုင်းလမ်းလျှောက်သွားလိုက်သည်။
ဒါက သူနှစ်တိုင်းလုပ်နေကြအရာပေါ့။
အမြဲဒီအချိန်ဆို ပန်းတွေကြွေကျတတ်ပေမဲ့ ဒီ‌နှစ်တော့ ထူးဆန်းစွာနဲ့ အဲ့လိုမဟုတ်ခဲ့။

"ရာသီအကူးအပြောင်းကြောင့်ထင်တယ်"

.
.
.
.
"အဟမ်း!ထယ်ယောင်းရော?"

"သခင်လေးကင်မ်က မနက်အစောကြီးထဲကအပြင်ကိုထွက်သွားပါတယ်"

"ဟမ်?ဘယ်သွားတာလဲ?"

သောက်လက်စကော််ဖီကို အတင်းမျိုချရင်း မေးလာတဲ့ သခင်လေးဂျွန်။

"အဲ့တာတော့မသိပါဘူး..ခဏနေရင်တော့ ပြန်ရောက်တော့မယ်ထင်တယ်"

"ဒါဆို မနက်စာကို သူပြန်လာရင် အသစ်ထပ်ပြင်ပေးထားပါ တူတူစားမလို့"

"သခင်လေးဂျွန် အခုလဲစားထားတယ်လေ."

"နည်းနည်းပဲစားထားတာပါ"

"များများစားထားတာပါကွယ်..အစာမကြေဖြစ်အုံးမယ် သခင်လေးရဲ့"

"ဗိုက်ဆန့်လို့ထပ်စားတာပါ..ပြင်ပေးထားချည်"

"ဘာမှမဟုတ်ဘူး သခင်လေးဂျွန်က သခင်လေးကင်မ်နဲ့ မနက်စာစားချင်နေတာမလား?"

"အဟွတ်..အဟွတ်"

သခင်လေးဂျွန်က အစတည်းက ရှက်ကိုးရှက်ကန်းနဲ့ပြောနေရပါတယ်ဆိုမှ မနက်ကမှ ကျောင်းပိတ်လို့ ခဏအလည်လာတဲ့ တူမလေးစကားကြောင့် ‌ကော််ဖီသောက်ရင်း ထသီးတော့သည်။

"ရရဲ့လား?သခင်လေးရှင့်"

"ရတယ်..ရတယ်..ဒါနဲ့ အဲ့ကလေးမက ဘယ်သူလဲ?"

"မနက်ကမှ ကျောင်းပိတ်လို့ ကျွန်မဆီအလည်လာတာပါ..တောင်းပန်ပါတယ် သခင်လေးဂျွန်ကို ခွင့်မတောင်းမိလို့ သခင်လေးကင်မ်က နေလို့ရတယ်ဆိုတော့ မပြောမိတာပါ"

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now