𝙴𝚙𝚒𝚜𝚘𝚍𝚎 -2

16K 808 63
                                    

ဖုန်း၏ vibrationသံမှာမူ အဆက်မပြတ်တုန်ခါလျှက်ပင် ဖြစ်ပေါ်နေသည့်ဖုန်းကြောင့် ထယ်ဟျောင်းနိုးလာပါတော့၏။ မနေ့ညက ဒီဇိုင်းဆွဲနေရင်း စားပွဲပေါ်မှာတင် အိပ်ပျော်နေမိတာကိုလဲအခုမှ သတိထားမိသွားသည်။
ဖုန်းကိုယူကာ နာရီကိုကြည့်မိတော့ မနက်4နာရီပဲရှိသေး၏။
Alarm သံမဟုတ်သည်ကြောင့် ဖုန်းကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ တစ်စုံတစ်ယောက်၏ massage တစ်စောင်။

*ဂင်မ်ထယ်ဟျောင်းရှီကိုလေ အကုန်တော်တယ်လို့ထင်ထားပေမဲ့ ယောင်္ကျားအထိန်းအသိမ်းမှာတော့ မ‌တော်ဘူးနော်။မဂ်လာဦးညမှာတောင် ကိုကိုက တို့ဆီရောက်လာတယ်။ကြည့်ပါအုံး ကိုကိုအိပ်နေတာကဘယ်လောက်ချစ်ဖို့ကောင်းသလဲ။ညက အရမ်းကြမ်းထားတော့ အခုထိအိပ်ပျော်နေတာ ခ်ခ်*

ပုံတစ်ပုံနဲ့ရောက်လာသည့်စာ။
ပုံထဲကို သေချာဝင်ကြည့်လိုက်တော့ အပြစ်ကင်းစင်ဖွယ်အိပ်နေသည့် ဂျောင်ဂုကအား မြင်ရသည်မို့ ထယ်ယောင်းပြုံးလိုက်မိသည်။ပြီးသည်နှင့် ထိုပုံလေးအား saveထားလိုက်သည်။

_
_
_

"အွန်း အဲ့လိုစီစဉ်လိုက်"

"ဟုတ်ကဲ့..သခင်လေးကင်မ်"

ဖုန်းချသွားသည်နှင့် စားပွဲပေါ်က စာရင်းစာရွက်တွေနှင့် ဒီဇိုင်းဆွဲရင်း အမှားပါခဲ့သွားသည် စာရွက်တွေအား တစ်ဖက်ဆီစီခွဲကာ လွှင့်ပစ်သင့်တာကိုလွှင့်ပစ်လိုက်၏။
စာရင်းစာရွက်နှင့် မူကြမ်းတွေကိုတော့ တစ်ဖက်တစ်ချပ်တွင် သေသေချာချာအသပ်အရပ်စီလိုက်ပြီး နေရာတကျရှိအောင်ထားလိုက်သည်။သူစိတ်ထဲသေချာသပ်ရပ်ပြီထင်မှသာ အိမ်တော်ထဲ၌ သီးသန့်ထားထားသည့် အလုပ်ခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

မနက်5နာရီထဲက ရုံးသွားဖို့အမှုအား ပြင်ဆင်နေလိုက်၏။
ဒါရီဆိုသည့် မိန်းကလေးမှာ massageမပို့ခဲ့ရင်တောင်မှ Alarm ဟာ သူဟာသူမြည်လာမည်၊မဟုတ်လဲ ထိုအချိန်ရောက်ရင် အကျင့်တစ်ခုအမယ်ရယ်ဆိုပြီး နိုးတတ်သည့် သူ့အကျင့်ကြောင့် ထူး၍ကျေးဇူးတင်စရာ‌‌တော့ တစ်စိုးတစ်ဆမှ ရှိမည်မထင်ပေ။

5နာရီခွဲလောက်အချိန်တွင် အကုန်လုံးပြင်ဆင်ပြီးသည်မို့ အာဂျီမား၏အသင့်လုပ်ထားပေးသောမနက်စာအား စားလိုက်၏။

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now