𝙴𝚙𝚒𝚜𝚘𝚍𝚎 -21

12.6K 609 51
                                    

မနက်ရောက်တာနဲ့ နူနာကို လေယာဉ်ဆီပို့ဖို့ အစောကြီး ထပြင်ဆင်လိုက်သည်။
ဒါကို ဂျောင်ဂုကပါလိုက်မည်ဆိုပြီး ပြင်ဆင်နေသည်လေ။

နူနာ့ကို ထယ်မြောင်းအိမ်ယာကနေ တန်းခေါ်ပြီး လေယာဉ်ကွင်း‌ဆီသို့ မောင်းလိုက်သည်။
ဟိုရောက်တော့ လေယာဉ်စထွက်ဖို့ မိနစ် 20လိုသေး၏။

"အစားကိုပုံမှန်စား..အပြင်စာတွေဝယ်မစားရဘူးနော်..ပြီးရင် ကျန်မားရေးကိုဂရုစိုက်၊အလုပ်ကြီးပဲဖိလုပ်မနေနဲ့အုံးနော်"

"ဟုတ်ကဲ့ပါဗျ စိတ်ချပါ"

"လာပါအုံး တစ်ခေါက်ဖက်ထားချင်လို့ ငါ့မောင်လေးကို"

နူနာနဲ့လက်ဆန့်ပေးတော့ သူလဲရီကာ နူနာကို ဖက်ထားလိုက်သည်။

"ဟျောင်းနဲ့အဆင်ပြေအောင်နေကြနော်"

"အမလေး ရှင်လေးတို့နှစ်ယောက်ကိုပဲမှာရမှာ"

"ဟားဟား..လေယာဉ်ထွက်တော့မယ် ဝင်သွားတော့ချည်"

"အကြီးကိုပြောပုံကိုက"

"မှားပါတယ်"

လေယာဉ်ပျံလှေကားကနေ ရိုက်တဲ့ဟန်လုပ်ပြတဲ့ နူနာပင်။နူနာနေတဲ့ခုံရောက်တော့ လက်ပြနှုတ်ဆက်သည် သူလဲပြန်နှုတ်ဆက်လိုက်ပြီးတာနဲ့ တံခါးမှာ အော်တိုပိတ်ကာ လေယာဉ်ပျံလဲ စတင်ထွက်ခွာသွားတော့သည်။

ရင်ထဲတစ်ဆို့ဆို့ခံစားချက်ရှိနေပေမဲ့ ကားရှိရာသို့ သွားလိုက်သည်။

"ငါမောင်းမယ် ထယ်"

"အွန်း"

ကားထဲ၌ ထယ်ယောင်းက ဘာစကားမှမပြောသလို ဂျောင်ဂုကလဲ ကားမောင်းလိုက်၊အပြင်ဘက်ကိုငေးနေတဲ့ ထယ်ယောင်းကိုကြည့်လိုက်နှင့်ပင်။

အိမ်ရောက်တော့ အခန်းထဲကိုတန်းဝင်သွားတဲ့ ထယ်။
သူလဲ အခန်းထဲတူတူရောဝင်လိုက်ပြီး ထယ်နဖူးကို သွားစမ်းလိုက်သည်။

"ငါ့ခွင့်ပြုချက်မရဘဲ ငါ့အသားမထိဖို့ပြောခဲ့တယ်မလား?"

"မင်းနူနာကျတော့ ထိလို့ရပြီး ငါကျတော့ထိလို့မရဘူးလား?ငါက နူနေလို့လား?"

"မင်းဘာဖြစ်ချင်နေပြန်တာလဲ?ငါပြောပြီးသားလေ ငါအသားချင်းထိရတာကို မကြိုက်ဘူးဆိုတာ"

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now