𝙴𝚙𝚒𝚜𝚘𝚍𝚎 -5

13.8K 713 141
                                    

"ဟုတ်ကဲ့ အွန်မား"

"အေးကွယ် အေး..အေး "

အွန်မားဖုန်းချပြီးတာနဲ့ဂျွန့်ဆီသို့ ဖုန်းဆက်ရမည်။

ဝင်တာနဲ့တန်းကိုင်သည့် ဂျောင်ဂု။

"အွန်း ဂျွန်"

"ကိုကိုမအားဘူး!ရေချိုးနေတယ်!"

မာဆတ်ဆတ်အသံမျိုးနဲ့ပြောလာတဲ့ ဒါရီဆိုသူ။

ထမင်းစားခန်းထဲရောက်နေတာမို့ ကော်ဖီလာချတဲ့ အာဂျီမားကို ခဏစောင့်ခိုင်းကာ ဖုန်းစပီကာအားဖွင့်လိုက်သည့် ထယ်ယောင်း။

"အာဂျီမား..အခုဖုန်းကိုင်တဲ့မိန်ကလေးကို ဂျွန်ရေချိုးလို့ပြီးရင် ဖုန်းပြန်ခေါ်ဖို့ပြောပေး"

"ဟိုဘက်ကအမျိုးသမီးရှင့် သခင်လေးရေချိုးပြီးရင် ဖုန်းပြန်ဆက်ပါနော်"

"ဒီမှာ ကင်မ်ထယ်ယောင်း!ဘာလို့ တစ်ခြားလူကိုပြောခိုင်းနေတာလဲ?ပြောချင်ရင် ရှင် ဒဲ့ပြောလေ..မဟုတ်မှ ကြောက်လို့လား?"

"အာဂျီမား..အခုပြောနေတဲ့တစ်ယောက်ကိုလေ ကျွန်တော် ပုံစံကဘာလဲ‌ဆိုတာ ပြောပြပေးလိုက်နော် "

"ဟိုဘက်ကအမျိုးသမီးရှင့် သခင်လေးက အဆင့်ရှိမှ စကားကိုပြောပါတယ်..ရှင့်လိုမျိုး အဆင့်အတန်းမရှိရင် စကားတောင်တုမပြောတတ်ဘူးရှင့်"

"ဘာ!ရှင်ကများ"

ဖုန်းအပြင်ကနေ အံကြိတ်မိတာ သွေးခြေတောင် ဥနေလေပြီ။

"အာဂျီမား ဖုန်းချလိုက်တော့လေ..စကားတု‌ပြောမနေနဲ့"

"ဟုတ်ကဲ့ သခင်လေး"

"သူက ဘယ်သူလဲသခင်လေး..ကျွန်မတို့တောင် သခင်လေးကို ဒီလိုမျိုး တစ်ခါမှမပြောဘူးတာ သူက ဘာကောင်မမို့လို့လဲ"

ကိုယ့်ထက်ဒေါသထွက်နေတဲ့ အာဂျီးမားကိုမြင်တော့ ရီရခက်၊ငိုရခက်ပင်။

"ဒါရီ ဆိုတဲ့မိန်းကလေးပါ..စိတ်ထဲမထားနေနဲ့တော့ အာဂျီမား"

"ဟွန်းးဟုတ်ကဲ့ပါ သခင်လေး"

.
.
.

ရေချိုးခန်းထဲမှ သပတ်တထည်ပတ်ပြီး ထွက်လာတဲ့ ဂျောင်ဂုက ခေါင်းပေါ်မှာလဲ တွဲလွဲခိုနေတဲ့ ရေစက်တွေကို သပတ်နဲ့သုတ်နေသည်။

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Kde žijí příběhy. Začni objevovat