𝙴𝚙𝚒𝚜𝚘𝚍𝚎 -22

14.5K 596 44
                                    

မနေ့ထဲက နိုးမလာတဲ့ဂျွန်။
အခုမနက်ထိလဲ နိုးမလာ‌‌သေးတာမို့ ဂျီမင်းတို့နဲ့အတူထားခဲ့ဖို့ပြင်လိုက်သည်။

"ရဲစခန်းကိုသွားရအုံးမှာမို့..ဂျွန်ကို စောင့်ကြည့်ပေးထားနော် ဂျီမင်းနီး"

"အွန်း..သေချာကြည့်ပေးထားမှာမို့ ယွန်းဒါရီကို ထောင်ချပစ်ခဲ့"

ထယ်ယောင်းခေါင်းငြိမ့်ပြပြီးတာနဲ့ ဂျွန့်ကုတင်ဘေးက ခုံပေါ်ကနေထလိုက်ကာ ဆေးရုံထဲကနေ ထွက်လာလိုက်သည်။

.
.
.
"အွန်း..သေသေချာချာပြင်ဆင်ထားလိုက်ပါ အခုလာနေပြီမို့"

"ဟုတ်ကဲ့ပါ သခင်လေးကင်မ်"

ထယ်ယောင်း ကားပါကင်ထိုးပြီးတာနဲ့ ရဲစခန်းထဲသို့ဝင်သွားလိုက်သည်။ယွန်းဒါရီကိုတော့မတွေ့ချေ။

ယွန်းဒါရီရဲ့အဖေကတော့ Japan ကနေ ညတွင်းချင်းရောက်ချလာသည်လေ။

"ဦးလေးတောင်းပန်ပါတယ်..ဒီတစ်ခေါက်တော့ ဒါရီကို ခွင့်လွှတ်ပေးလို့ရမလား?"

".........."

"သူ့ကို မိတဆိုးလေးဆိုပြီး လွှတ်ထားပေးမိတဲ့ ဦးလေးအမှားပါ..နောက်ထပ်မဖြစ်စေရပါဘူး..ဦးလေးက သူ့ကို အခုကစပြီး သေချာထိန်းသိမ်းထားမှာမို့"

"ယုံကြည်ပေးသင့်လားဗျ?"

"တကယ်ယုံကြည်ပေးပါ တူ‌ရယ်..စိတ်ချ နောက်တစ်ခါမဖြစ်စေရဘူး ဦးလေးက ပြန်ခေါ်သွားမှာမို့ Korean နိုင်ငံမှာထပ်မတွေ့စေရဘူးလို့ အာမခံပါတယ်..တရားတော့မဆွဲလိုက်ပါနဲ့"

"သူမကို ထောင်ထဲလဲထည့်လိုက်ချင်ပေမဲ့ ငယ်သေးတဲ့မိန်းကလေးမို့ အမှားဖြစ်သွားတယ်လို့ပဲသတ်မှတ်ပေးလိုက်ပါ့မယ်..ဒါပေမဲ့ ကျွန်တော်တို့ကို နောက်ထပ်နှောက်ယှက်မယ်ဆိုရင်တော့ ဦးလေးမျက်နှာကိုလဲ မထောက်တော့ဘူးဗျ!"

"အေးပါ တူလေးရယ်..နောက်မဖြစ်စေရပါဘူး ကျေးဇူးတင်လိုက်တာကွာ.."

"ဒါဆို သွားခွင့်ပြုပါအုံး"

"အေးကွယ်..အေးကွယ် ဦးလေးကျေးဇူးတင်ပါတယ်နော်"

"ဟုတ်ကဲ့ သွားခွင့်ပြုပါအုံး"

"ဟိုလေ..ဦးလေးက ဆေးရုံစရိတ်ကို "

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now