𝙴𝚙𝚒𝚜𝚘𝚍𝚎 -7

13.2K 676 30
                                    

ကော်ဖီဆိုင်ကို ရောက်တာနဲ့ ဟယ်မင်ကို ကားပေါ်က‌နေသာ စောင့်ထားခိုင်းလိုက်သည်။

အစက သွားမတွေ့ဖူးဘူးလို့ ဆုံးဖြတ်လိုက်ပေမဲ့ company အထိပါလိုက်လာနိုင်သည့် အတင့်ရဲတဲ့မိန်းကလေးမျိုးမို့ လာခဲ့လိုက်သည်။

"မိန်းကလေး ဒါရီ"

"ဪ လာပြီပဲ ဘာမှတော့မဟုတ်ပါဘူး ကိုကို အဝတ်တွေပေးချင်လို့ပါ"

"အာာ~ဟိုမှာ သူလာနေပြီလေ သူ့ကိုပေးလိုက်ပါ..ဒါနဲ့ တစ်ခါတည်းမှာစရာရှိပါတယ် မင်းလောက် မအားနေဘူး ကိုယ်က၊အဲ့တာမလို့ အရည်မရအဖက်မရတွေဆိုရင် အားတိုင်း ကိုယ့်အတွင်းရေးမှူးကိုဖုန်းမဆက်ပါနဲ့ သွားလိုက်ပါအုံးမယ်"

"ဒီမှာ ရှင်!"

"ကင်မ်ထယ်ယောင်း အဲ့တာဘယ်လဲ?"

ဒါရီကိုပြောပြီး ဆိုင်ထဲကမထွက်ခင် ကြားလိုက်ရတဲ့အသံ။

"ငါ့ကိုယ်ရေးကိုယ်တာကိစ္စမို့ မင်းနဲ့မဆိုင်ဘူးထင်တယ် ဂျွန်"

"အတွင်းရေးမှူးဟယ်မင်ကတော့ ဆိုင်တယ်ပေါ့ အဲ့လိုလား?"

"မင်းဘာဖြစ်ချင်နေဝာာလဲ?"

"ငါမေးတာပဲအရင်ဖြေလေ"

"ငါ့ကိစ္စပါ ဒါက"

"ဪ "

"မင်းအဝတ်‌တွေကို ငါ့လာပေးတဲ့ မိန်းကလေးကို ပြောပေးပါအုံး..မင်းကိစ္စက ငါ့ကိစ္စမဟုတ်ဘူးဆိုတာလေးလေ"

"ကင်မ်ထယ်ယောင်း!ကျွန်မ ဒီမှာရှိနေတယ်လေ ကျွန်မကိုပြောဖို့ အဲ့လောက်တောင်ကြောက်နေရတာလား?"

"ဂျွန် မိန်းကလေးဒါရီ မေ့တတ်တာပဲနော်  ပြန်ပြောပေးပါအုံး နောက်တစ်ခေါက်ပေါ့ ငါကအဆင့်မရှိရင်စကားတုမပြောပါဘူးဆိုတာလေးလေ"

"ထယ်ယောင်း!မင်းဒါရီကို အဲ့လိုပြောစရာမလိုဘူး"

"မပြောစေချင်ရင် မင်းလူမင်းထိန်းပါ ဂျွန်..
ငါအရင်စခဲ့တာမဟုတ်ဘူး"

"အိုပါး အဆင်ပြေရဲ့လား?"

ကားထဲမှာထိုင်ကြည့်ရင်း ရုတ်ရုတ်သဲသဲဖြစ်နေတော့ မနေသာ။လူတွေကလဲ ကွက်ကြည့်ကွက်ကြည့်နဲ့မို့ အခြေအနေကိုထိန်းရန် အပြင်ထွက်လာခြင်းသား။

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now