𝙴𝚙𝚒𝚜𝚘𝚍𝚎 -8

13.2K 652 84
                                    

Sunday ရုံးပတ်ရက်မို့ ခြံထဲ၌ အဖွားအရမ်းလိုချင်ခဲ့တဲ့ လိပ်ပြာရင်ထိုးလေးကိုဆွဲနေလိုက်၏။အဖွားရဲ့နှစ်ပတ်လည်နေ့ကျရင် သေချာပေါက်ပေးမည်ဆိုတဲ့ စိတ်ကူးလေးဖြင့်‌ ပေါ့။

*.....

"ဖွားဖွားကြိုက်ပါမယား..တားတားဆွဲရင်"

နှုတ်ခမ်းလေး‌ကိုထော်ပြီးပြောနေ‌သည့် ငယ်ငယ်တုန်းက ကလေးလေးဖြစ်ခဲ့တဲ့ သူ့ပုံလေးမှာချစ်စရာ။
မိဘတွေရှေ့ကျရင် ချစ်ဖို့ကောင်းအောင် မည်သို့သောအခါမှမနေခဲ့ပေမဲ့ ထူးဆန်းစွာဘဲ ဖွားဖွားရှေ့ကျရင်တော့ ချစ်စရာမြေးလေးအဖြစ်နဲ့ နေတတ်သည်လေ။

"အဖွားက ငါ့မြေးလက်ရာကို ယုံပါ့ကွယ်.."

"ဟီးဟီး..တာချို သင်ရန်းတက်ပြီးရင် ချွဲပေးမယ်နော် ဖွားဖွား"

"အေးကွယ် အေး" *....

အတိတ်ကအကြောင်းလေးတွေပြန်တွေးရင် အလိုလိုပြုံးမိသည်။ဖွားဖွားအခုနေရှိနေရင် သိပ်ကောင်းမှာ။

ထိုအခြင်းအရာကို ဝရံတာကနေ ရပ်ကြည့်နေတဲ့ တစ်စုံတစ်ယောက်။

"ပန်းချီတစ်ခုဆွဲတာ အဲ့လောက်ပြုံးဖို့လိုလို့လား?စပွန်ဆာပေးထားတာလဲမဟုတ်ဘဲနဲ့များ....မှန်းစမ်း...သူဘာပုံတွေဆွဲနေတာလဲ?"

ဝရံတာလက်ရန်းကနေ ခါးကုန်းကာ သေသေချာချာကြည့်နေတဲ့ သခင်လေး။

"သခင်လေးရှင့် ဘာတွေကြည့်နေတာလဲ?မဟုတ်မှ သခင်လေးကင်မ့်ကိုများ"

"ဟမ်?မဟုတ်ပါဘူး! မဟုတ်ဘူး..သူ့ကိုဘာလို့ကြည့်ရမှာလဲ?မကြည့်ပါဘူး...ဟိုအပင်မှာနားနေတဲ့ငှက်..ဟုတ်တယ် အဲ့ငှက်! အထီးလား?အမလားဆိုပြီး ကြည့်...ကြည့်နေတာ"

"ဪ ဟုတ်ကဲ့..မနက်စာစားလို့ရပါပြီ"

"အွန်း..အခုလာခဲ့မယ်"

ဂျောင်ဂုလဲ ဖုန်းကို ခုံပေါ်မှာသာထားခဲ့ပြီး မနက်စာ စားဖို့ဆင်းလာလိုက်သည်။ဒီအချိန် ဒါရီဖုန်းခေါ်တတ်ပေမဲ့ မနက်စာစားရင်း ဖုန်းမကိုင်ချင်။
*ထယ်ယောင်းနဲ့မနက်စာစားမှာမလို့ *

"ဟုတ်ကဲ့"

သခင်လေးဂျွန်ကို ကျောခိုင်းတော့မှာ အသာလေးကြိတ်ရီမိသည်။မျက်လုံးပြူးမျက်ဆံပြူးနဲ့ရှင်းပြလိုက်တာ ဘိတ်ဆုံးစကားတောင်ထစ်သွားသည်လေ။သူခိုးလူမိရင် ဒီလိုပါလား?

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Dove le storie prendono vita. Scoprilo ora