𝙴𝚙𝚒𝚜𝚘𝚍𝚎 -3

14.6K 787 39
                                    

ဂျောင်ဂု အထပ်ထပ်‌သောအခန်းတွေကို ကျော်လွှားနေတဲ့ ဓာတ်လှေကားထဲ၌ 14ထပ်ဆိုတဲ့‌ နေရာကို သွားနေသည်။
ဟိုရောက်တော့ ဝတ်စုံကိုတစ်ချက်ပြန်ပြင်ကာ
ကင်မ်ထယ်ယောင်းရဲ့ ရုံးခန်းထဲသို့ ဝင်လိုက်သည်။
သူ မဝင်ခင်အရိုအသေပြုတဲ့ ကင်မ်ထယ်ယောင်းရဲ့ အတွင်းရေးမှူးဆိုသူ။

"ဝင်သွားလို့ ရတယ်မလား?"

"ဟုတ်ကဲ့"

တံခါးကိုဖွင့်ပြီး ဝင်သွားတော့ တံခါးဘက်ကို ကျော်ပေးရင်း ဒီဇိုင်းဆွဲနေတဲ့ သူ ။
သူဆွဲနေတဲ့ ပုံကို ကြည့်မိလိုက်တော့ logo လေးတစ်ခုပင်။
ခဲသားနဲ့အလွတ်ဆွဲထားပေမဲ့လဲ သပ်သပ်ရပ်ရပ်။

"ဘာကိစ္စများရှိလို့လဲ?ဂျွန်ဂျောင်ဂုရှီ"

ဆွဲလက်စ ခဲတံလေးကို စားပွဲပေါ်ချလိုက်ချိန်မှာတောင် သူက ကြည့်ကောင်းသည်။

"ညနေပါတီပွဲတက်တာ လိုက်ရမယ်ဆို?"

"အွန်းလေ"

"ပွဲတက်ဝတ်စုံသွားရွေးမို့ မင်းလိုက်ခဲ့"

"မဟုတ်တောင် လာခေါ်တော့မလို့..ဘယ်ဆိုင်ရွေးထားလဲ?"

Long Coat ကို လက်မှာချိတ်လိုက်ပြီး တည်ငြိမ်ငြိမ်ပြောလာတဲ့ ထယ်ယောင်း။

"နဂိုဆိုင်ပဲ"

"အွန်း"

သူဆီက ဆိုင်နာမည်သိပြီးတာနဲ့ အရင်ထွက်သွားသည့် ကင်မ်ထယ်ယောင်း။
လုပ်စရာတွေအများကြီးရှိနေတာကို ပွဲတက်ရမည်ဆိုတော့ စိတ်ရှုပ်‌ရသည်မှာ‌ အမှန်ပင်။
'မြန်မြန်ပွဲတက်၊မြန်မြန်ပြီး'အေးရောဆိုကာ
ကင်မ်ထယ်ယောင်းကိုလာခေါ်ခြင်းပင်။
မဟုတ်ရင် အားအားယားယားခေါ်မနေပါ။

.
.
.
ကားပေါ်မှာနှစ်ယောက်တူတူသွားခဲ့တယ်လို့တောင် မထင်ရပေ။
လေတိုးသံကလွဲပြီး ဘာသံမှလဲမကြားရချေ။

ဆိုင်ရှေ့ကိုရောက်သွားတာနဲ့ အရင်ဆင်းသွားလိုက်မိသည်။
ဟိုရောက်တော့ ကိုယ်တိုင်ထွက်ကြိုသော ဆိုင်ရှင်။

"သခင်လေးတို့ လာကြပါဗျ"

ခေါင်းငြိမ့်ပြပြီး အရင်ဝင်သွားလိုက်သည်။အနောက်က ဂျောင်ဂုကလဲ ထိုနည်းတူပင်။

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Место, где живут истории. Откройте их для себя