𝙴𝚙𝚒𝚜𝚘𝚍𝚎 -4

14.1K 738 177
                                    

ပါတီပွဲကနေဆွဲခေါ်လာတဲ့ ဂျောင်ဂုက
ကားပါကင်ရောက်မှ ထယ်ယောင်းရုန်းတာကို လွှတ်ပေးလိုက်သည်။
အဲ့မတိုင်ခင်တစ်လျောက်လုံး ရုန်းလို့လွှတ်သွားလိုက် ဂျောင်ဂုပြန်‌ဖက်လိုက်နှင့် တော်တော်ကိုအလုပ်ရှုပ်ခဲ့ကြတာသည်လေ။

"မင်းလူလိုမပြောဘဲ ဘာလို့ ငါကို အတင်းလာချုပ်နေတာလဲ?"

"ပါတီပွဲထဲပြန်ဝင်မှာ‌ဆိုးလို့"

"မယားငယ်နဲ့တုဖြစ်ရအောင်ထိ ငါimage အကျမခံဘူး!အစအဆုံးသိချင်ရင် မင်းဟာမ မင်းမေးကြည့်..ဟိုကမျက်ရည်ခံထိုးပြီး ပေါက်ကရပြောရင်တော့ ငါလဲမတတ်နိုင်ဘူး။ ယုံရင်လဲ မင်းခေါင်းပေါ်ကို လေလံပွဲတုန်းက ငါဝယ်ထားတဲ့ နွားဂျိုနှစ်ချောင်းတပ်ပေးမယ်"

"မင်း!!"

သူပြောတာကိုမစောင့် ကားပေါ်တက်သွားတဲ့ ထယ်ယောင်း။

အားရှီးးကင်မ်ထယ်ယောင်း!! ငါကိုနွားဇာတ်မရောက်ရောက်အောင် သွင်းသွားသေးတယ်။
ဒီနေ့တင် နွားလို့ပြောတာ နှစ်ခါရှိပြီ။

စိတ်ထဲကသာ ကြိမ်းဝါးရင်း ကားပေါ်တက်လိုက်သည်။
ကားပေါ်မှာ အေး‌အေးဆေးဆေးပင်ထိုင်နေတဲ့ ထယ်ယောင်း။ ခုနကဒေါသထွက်နေသည်မှာ သူမဟုတ်တော့သလိုပဲ။

"ထယ်ယောင်း"

"အွန်း?"

"မင်းဟာမင်းကားမောင်ပြန်မလား?ငါ ဒါရီကို အိမ်ပြန်လိုက်ပို့ပေးရအုံးမှာမလို့"

"အွန်း..သွားလေ"

ကင်မ်ထယ်ယောင်းက လူရောဟုတ်ရဲ့လား?အခုသူနဲ့ရန်ဖြစ်ထားတဲ့လူကို သူသဘောကျနေတဲ့ငါက ပြန်ပို့ပေးမှာကို ဘာမှမဖြစ်ဘူးလား?

"မှန်းစမ်း"

သူ့နဖူးကို ‌လက်ဖဝါးလာတင်တဲ့ ဂျွန်။
သူလဲ ဂျွန်လက်ကို သူ့နဖူးပေါ်က ဖယ်လိုက်မိသည်။
မလိုအပ်ဘဲ သူ့အသားလာထိတာကို မကြိုက်။

"နဖူးလေးပဲထိတာပါ သေမသွားဘူး ထယ်ယောင်း"

"နောက်ဆို ငါခွင့်ပြုချက်မရဘဲ ငါ့အသားကိုမထိနဲ့!"

"အွန်း..ငါသွားပြီ"

ကားတံခါးကို ခပ်နာနာလေးပိတ်မိသည်။
သူနဲ့ တရားဝင်လက်ထပ်ထားလေ
ငါလဲပိုင်တာပဲ သူ့ကို။
ခွင့်ပြုချက်က ဘာလို့တောင်းရမှာလဲ?

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now