𝙴𝚙𝚒𝚜𝚘𝚍𝚎 -19

13.4K 650 108
                                    

မနက်နိုးလာတော့ ထယ်က သူ့ရင်ခွင်ထဲ၌ ရှိ‌နေသည်။

*ဒါဆို ဒါက အိမ်မက်မဟုတ်ဘူးပေါ့*

ညက အဖြစ်အပျက်တိုင်းမှာ ထယ့်ကို သူချီးကျူးမိသည်။ဆေးခတ်ခံထားရပေမဲ့ လုံးဝထိန်းချုပ်ထားနိုင်သည်လေ။အသံတစ်ချက်တောင်ထွက်မလာဘဲ ငြင်းသာငြင်းသည်လေ။ထိုအချိန် သူကပဲ ဆေးခတ်ခံရသူပမာဖြစ်ခဲ့ရသည်။

*မင်းကြောင့်ငါလူယုတ်မာဇာတ်ထဲအလိုလိုဝင်သွားပြီ*

စဉ်းစားနေတုန်း မျက်ခွံလေးတွေလှုပ်လာတာကြောင့်ပြန်အိပ်ချင်ယောင်ဆောင်‌လိုက်သည်။
.
.
နှိုးလာတော့ အရင်ဆုံးကြည့်မိတာ နာရီကို မျက်လုံးဖွင့်ဖွင့်ချင်းမို့ ဝါးနေပေမဲ့ ခဏအကြာမှာတော့ ‌ရှင်းလင်းစွာမြင်ရပြီ..မနက်4နာရီအတိပင်။
ဘေးကိုကြည့်လိုက်တော့ ဂျွန်ရှိနေသည်။

"အွန်းးး"

အခုမှနှိုးလာသည်ထင်တယ်..ဂျွန်က အပျင်းကြောဆန့်နေသည်။

"ဂျွန်ဂျောင်ဂု..မင်းရဲ့လက်ဖယ်ပေးအုံး"

"အာ..အွန်း"

ထယ့်ခါးပေါ်မှာရောက်နေတဲ့ သူ့လက်ဖယ်ပေးလိုက်တာနဲ့ ကုတင်ပေါ်မှာ ထဖို့တစ်စောင်းထိုင်လိုက်သည့် ထယ်။

"ဟိုဟာ ညကကိစ္စ.."

"မင်းရော ငါရောမှားတာမရှိလို့ ပုံမှန်အတိုင်းပဲနေပါ..အဲ့အကြောင်းကိုလဲ အစမချီပါနဲ့"

ထိုသို့ပြောပြီးတာနဲ့ စောင်ကို ဆွဲပတ်ကာ ထသွားတဲ့ ထယ် ။
ထယ်ရော သူရောက အဝတ်မပါတာမို့ သူ့မှာဒီတိုင်းကြီးသာကျန်ခဲ့ရသည်။

"ဟာ..ထယ်"

"ဒီအခန်းထဲမှာ မင်းနဲ့ငါနဲ့ပဲရှိတာ...ငါမင်းကိုမကြည့်ပါဘူး"

ပြောပြီးတာနဲ့ ရေချိုးခန်းထဲဝင်သွားတဲ့ ထယ်။

သူလဲ ဘေးက ခေါင်းအုံးနှစ်လုံးကိုယူပြီး ရှေ့ရော နောက်ရောဖုံးကာ ရေချိုးခန်းထဲဝင်လိုက်သည်။ပြီးမှ တံခါးအကွယ်ကနေ ခေါင်းအုံးနှစ်လုံးအား အပြင်သို့ပြန်ပစ်လိုက်သည်။
နဂိုဆို အခန်းတစ်ခန်းမှာ ရေချိုးခန်းတစ်ခုသာရှိပေမဲ့ သူတို့အခန်းထဲမှာတော့ နှစ်ခုရှိသည်။

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now