𝐄𝐱𝐭𝐫𝐚 𝐩𝐚𝐫𝐭

15.3K 610 98
                                    

အိမ်ထောင်သက် 3နှစ်ဆိုတာဟာ ‌အလိုလိုနေရင်းပြည့်ခဲ့သည်လားဟုတောင် အောက်မေ့ရ၏။ဒီကြားထဲ အမည်ဖော်၍ပင်မရသော ကိစ္စကြီးငယ်ဟူသမျှလဲ အများကြီးဖြစ်ပေါ်ခဲ့ရ‌‌လေသည်။

ပထမအဆိုးဆုံးကတော့ မောင့်ရဲ့ သဝန်တိုခြင်းတွေပင်။ရှယ်ယာရှင်တစ်ယောက် ဒါမှမဟုတ်ရင် တခြားကုမ္ပဏီကအထက်လူကြီးတစ်ယောက်ယောက်နဲ့ အလုပ်အကြောင်းပြောကာ စကားလက်ဆုံကြမိတာပဲဖြစ်ဖြစ်၊ထို‌ပြောနေသည့်လူတစ်ဦးထံမှအကြည့်တွေက ကိုယ်ဆီသက်ရောက်လာပြီဆိုလျှင် ဒါဟာ ဂျွန်ဂျောင်ဂုတို့ရဲ့ စိတ်ကောက်ချိန်ဟုသတ်မှတ်လို့ရသွားပေလိမ့်မည်။

အခေါ်အဝေါ်တွေပြောင်းသွားတယ်မလား?

ထိုနာမ်စားအခေါ်အဝေါ်ကိစ္စနှင့်လဲ သူတို့နှစ်ယောက်အခြေအတင်ဖြစ်ခဲ့ရသည်မှာရေတွက်၍ တောင်မရခဲ့ချေ။ဂျောင်ဂုကလဲ မခေါ်ရလေခြင်းဆိုပြီး အခန်းတံခါးပိတ်ကာ ဘာမှမစားဘဲဆန္ဒပြသည်လေ။

"အဲ့တာရုပ်ရှင်တွေထဲက အကွက်နော် ဂျွန်"

ပိတ်ထားသည့်အခန်းတံခါးရှေ့ကနေ လှမ်းပြောလိုက်သည့် ထယ်ယောင်း။
အမောင်လူချောလေးက ကောက်လွန်းနိုင်လေးပင်။တစ်ခါကောက်ရင်လဲ 5ရက်လောက်ဆိုသည်မှာ အသာလေးပင်။တစ်ခါတစ်လေ မချော့ဘဲ အလုပ်သွားမိပါကလဲ ထပ်ဆင့်တိုးကာ တစ်ပတ်အထိပါ စိတ်ကောက်တတ်၏။

"ကြားလားလို့!ဂျွန်"

အခန်းထဲက ဂျောင်ဂုမှာလဲ မှုန်ကုပ်ကုန်နှင့်သာ ဘာမှမပြောဘဲ နားထောင်နေလိုက်သည်။
ကျယ်လောင်စွာထွက်ပေါ်လာသည့်ဝမ်းဗိုက်ကိုလဲ ထပ်ခါတစ်လဲလဲလျစ်လျူရှုနေရင်းပေါ့။

ဂျောင်ဂုဒီနေ့နဲ့ဆို အခန်းပြင်မထွက်တာနှင့် ထမင်းမစားတာမှာ 5ရက်ပင်ရှိနေလေပြီ။
ဒီလိုမစားဘဲနေတာရင် အားအင်ပျက်ရချည်ရဲ့။

ထယ်ယောင်းလဲ ဂျောင်ဂုကိုပြောရတာမောလွန်းသည်ကြောင့် ကုန်သွားသည့်ရေဗူးကို ယူကာ အောက်ထပ်မှာဖြည့်ဖို့သွားလိုက်၏။

"တွေ့လား..အဖြစ်သဘောနဲ့လာချော့သွားတာ ကြည့်! အခုကျတော့ ထွက်သွားပြီ၊ဒါလေးပဲခေါ်ရမှာကို ဘာလို့ဒီလောက်ထိတွန့်တိုနေရတာလဲ?လူသားဆန်စိတ်လေးနည်းနည်းတောင်မရှိဘူး"

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now