1

10K 418 47
                                    

ဒီဇင်ဘာလရဲ့အရိုးကွဲလုမတက် အေးစိမ့်နေတဲ့ ရာသီဥတုမှာ ရင်ထဲအပူမီးတွေပြည့်နေတဲ့ ကောင်လေးတယောက်ရှိသည်..

" ကဲဒါဆို Dec 30 sat မှာမဂ်လာပွဲကျင်းပကြတာပေါ့ "

" ဟုတ်ကဲ့ သူဌေးမင်း တို့စိတ်တိုင်းကျစီစဥ်ပါ "

" ငါ့သားဘာပြောချင်သေးလည်း "

Jungkook ဟာ သူရဲ့ရှေ့ထိုင်လို့နေတဲ့ Taehyung ကိုကြည့်လိုက်တော့ ပေါင်ကြားလေးထဲလက်ကလေးနှစ်ဖက်ကိုညှပ်လို့ ခေါင်းလေးငုံ့ကာထိုင်နေသည်..

" ပြောစရာမရှိပါဘူး "

" ကဲဒါဆို ဒီကြားထဲ စီစဥ်စရာရှိတာတွေငါတို့ဘက်ကအားလုံးစီစဥ်ထားလိုက်မယ် မင်းသားကိုသာ ငါဖုန်းဆက်ရင်လွှတ်လိုက် "

" ဟုတ်ကဲ့ သူဌေးမင်း "

လူကြီးတွေစကားပြောဆိုပြီးတာနဲ့ ထိုင်နေကာကနေထထွက်သွားတဲ့ Jungkook..လူကြီးတွေကို ရိုသေမှုရှိလိုက်ပုံများ မြင်တဲ့အတိုင်းပေ.

Taehyung လည်းသူပြောချင်တဲ့စကားရှိတာကြောင့် လူကြီးတွေကို ခွင့်တောင်းကာ အိမ်ပေါ်ထပ်တက်လို့သွားတဲ့ Jungkook နောက် အမှီလိုက်လို့သွားသည်..သူအပေါ် ရောက်တော့ အခန်းတံခါးဖွင့်ကာဝင်တော့ဖို့ပြင်နေတဲ့ Jungkook

" ခဏ ခဏလေးပါ "

" ကို "

Jungkook ပြောလိုက်တဲ့စကားကို Taehyung နားမလည်စွာ မျက်လုံးအဝိုင်းသားလေးနဲ့ကြည့်ကာ.

" ဗျာ "

" ကိုလို့ခေါ် "

" အာ nae ကို ကို "

"ဘာပြောချင်လို့လည်း ကလေး "

" ဟို ဟိုလေ ကျောင်းမှာဆို ကျွန်တော်ကို "

" ကိုနဲ့ စကားပြောရင် ကလေး က ကိုယ့်ကိုကိုယ် ကလေးက လို့ပြောတာပဲကြားချင်တယ် "

" nae ကို."

" ဘာပြောမှာလည်း ဆက်ပြောလေ "

" nae ကျောင်းမှာဆိုရင်လေ ကလေးတို့ ဆရာနဲ့ကျောင်းသားလိုပဲနေလို့ရမလား "

သူခွင့်တောင်းတော့ အတော်အတန်ကြာစဥ်းစားလို့နေတဲ့ Jungkook.. Taehyung မှာတော့ သူရဲ့လက်ကလေးနှစ်ဖတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကာ ခွင့်ပြုပေးဖို့စိတ်ထဲဆုတောင်းနေမိတော့သည်..

My Possession (complete) Where stories live. Discover now