14

2.7K 161 5
                                    

ကျောင်းပိတ်ရက်ကြောင့် အိမ်ပေါ်ကနေသီချင်းလေးတအေးအေးနဲ့ဆင်းလာတဲ့ Taehyung..
အိမ်ရှေ့ဧည့်ခန်းမှာ ကျောင်းနားရက်ဆိုပေမယ့် အဖေဖြစ်သူရဲ့အလုပ်တွေဝိုင်းလုပ်ရသေးတာကြောင့် laptop နဲ့အလုပ်ရှုပ်နေတဲ့ Jungkook..

အိမ်ပေါ်ကဆင်းလာတာနဲ့​ထမင်းစားခန်းသို့ဦးတည်ကာသွားပြီး မနက်စာစားရင်လှန်လှောရှာနေတဲ့ Taehyung ကိုအလုပ်လုပ်ရင်းလှန်းကြည့်ကာပြောလိုက်သည်..

" ကလေး ကိုယ်တို့ အမေတို့အိမ်ခဏနေသွားမယ် "

ရေခဲသေတ္တာထဲက စတော်ဘယ်ရီသီးလေးကိုယူကာကိုက်စားရင်းအနားကိုရောက်လာကာမျက်နှာခြင်းဆိုင်ခုံမှာဝင်ထိုက်လိုက်သည်..

" အမေခေါ်လို့လား "

" အင်း အမေက ထမင်းလာစားတဲ့ "

" ဟုတ်ကဲ့ ဒါဆိုအဝတ်အစားသွားလဲတော့မယ် "

...

အလိုက်သိတဲ့ သမက်လေးကတော့ အမေ့အတွက်ဆိုပြီး ပန်းစီးလေးတောင်ဝင်ဝယ်သေးပေမယ့် လိမ္မာတဲ့ သားလိမ္မာလေးကတော့ အိပ်ပြီးပါလာသည်..

Taehyung က အရင်ထဲကလိမ္မာတာမဟုတ် အနေအေးပြီးစာပဲအာရုံစိုက်ကာစကားမပြောပဲနေတာကလွဲလို့ သူမကြိုက်တာသာဆို အမေနဲ့ကရန်တကျက် ကျက်ဖြစ်နေကြ..

အပြင်လူတွေအမြင်မှာဆိုရင်တော့စာကြိုးစားတဲ့သားလိမ္မာလေးလို့ပဲမြင်ကြတာ..Taehyung ဘယ်လောက်ရစ်လည်း ခုဆို Jungkook ကအသိဆုံးဖြစ်မည်.

" ကလေး ရောက်ပြီ "

ကားတံခါးလေးအသင့်ဖွင့်ကာနိုးလိုက်တော့အိပ်ချင်မှုးတူးနဲ့ထကာ မျက်လုံးလေးပွတ်လို့ နေသည်.

" မျက်လုံးလေးအရမ်းမပွတ်နဲ့ မျက်စိနာမယ် "

" အဲ့ပန်းကဘယ်တုန်းကဝယ်လိုက်တာလည်း "

" ကလေးခုဏအိပ်နေတုန်းက အမေကိုလက်ဆောင်ပေးဖို့ဝယ်လိုက်တာ "

" အဲ့တာကြောင့် အမေက သားသားနဲ့ကိုဖြစ်နေတာ "

M " ဟောသားတို့လာပြီ လာသား Jungkook အိမ်ထဲဝင် "

" သားကအပြင်မှာနေခဲ့ရမှာလား "

M " ဒီကလေးနဲ့တော့နော် လာဝင်ခဲ့ "

My Possession (complete) Where stories live. Discover now