10

2.9K 180 14
                                    

ဆေးရုံသို့ မိဘနှစ်ပါးအပြေးရောက်လာကြတေ့ာ အဖေနဲ့အမေကိုလည်းမြင်ရော ခုဏတချိန်လုံးငြိမ်ပြီးအိပ်နေတဲ့ Taehyung အမေအသံလည်းကြားရော ကုတင်မှာချက်ချင်းထထိုင်ကာ ငိုပါလေ​​ရော..

" အမေ ဟင့်ဟင့် "

" မငိုနဲ့တိတ်တိတ် အမေသားလေ ဗိုက်အောင့်သေးလား "

ငိုနေရင်းနဲ့ခေါင်းလေးခါပြလိုက်တဲ့Taehyung..
ပါးပြင်ကမျက်ရည်တို့ကို အမေဖြစ်သူက လက်မလေးဖြင့်သုတ်ပေးကာထပ်မှန်ဖတ်ထားလိုက်ပြီး ကျောပြင်လေးကိုပွတ်ပေးနေသည်..

" အမေ ဆန်ပြုတ်ပါလား ကလေးကိုတိုက်မလို့ "

" သောက်ဘူး "

" သားTaehyung ဆိုးနေတာလား ဆိုးရင်ဘယ်သူခံရလည်း "

" အဖေကလည်း "

" သား Jungkook ဒီမှာ အဖေတို့ဝယ်လာတယ် "

" ဟုတ် အဖေ "

Jungkook တို့ Taehyung ကိုသဲသဲလှုပ်ချစ်ပုံများ အဖေနဲ့အမေကိုကျော်ကာသူလက်သူခြေနဲ့သာ ဆန်ပြုတ်တွေထည့်သူကိုယ်တိုင်တိုက်ဖိ​ပြာလုပ်နေပေမယ့် ဟိုအကြောတင်းလေးက မသိချင်​ယောင်ဆောင်နေပြန်သည်..

" ကလေးဆန်ပြုတ် "

" ခင်များတိုက်တာမသောက်ချင်ဘူး "

" Kim Taehyung!!! ဘယ်လိုပြောလိုက်တယ် မင်းမိဘတွေရှေ့မှာတောင် ကိုယ့်ယောကျားကိုအဲ့လောက်ရိုင်းဆိုင်းရလား အမေတို့မင်းကိုဘယ်လိုဆုံးမခဲ့လို့လည်း သား ဘာလို့အဲ့လို ပြောရတာလည်း"

" အမေ ဘာမှမဖြစ်ပါဘူး ကလေးက စိတ်ဆိုးနေတုန်းမို့လို့ပါ "

" သား Jungkook မင်းဝင်မပါနဲ့ သွားမင်းအိမ်ပြန်ပြီ သူ့အဝတ်အစားတွေသွားယူလာခဲ့ "

" အမေ ကလေးကိုမပြောပါနဲ့ သားကိုပဲ "

" သူဌေးလေး သူဌေးလေး က အမေသားကိုချစ်တာ အမေသိတယ် ဒါပေမယ့် အမေသားအဲ့လိုရိုင်းတာတော့အမေလက်မခံနိုင်ဘူး သွားအမေပြောသလိုလုပ် "

" ဟုတ်ကဲ့ အမေ "

ယောက္ခမဖြစ်သူကိုလည်း Jungkook မှာကြောက်ရ သူ့ရဲ့ကလေးလေးစိတ်ဆိုးမှာကိုလည်း သူ့မှာကြောက်ရနဲ့ အခန်းထဲကသာပြန်ထွက်သွားတာလှည့်ကြည့်လှည့်ကြည့်ဖြင့်သာ..

My Possession (complete) Where stories live. Discover now