7

3.1K 204 29
                                    

စာကြည့်မယ်ဆိုပြီးစာကြည့်ခန်းထဲ ဝင်သွားတဲ့တယောက်ကို TV ကြည့်ရင်း သူစောင့်နေမိတယ် ဘာကြောင့်လည်း နှလုံးသားကစောင်းဆိုင်းခိုင်းလို့ပေါ့ တဖြေးဖြေး ညနက်လာတာကြောင့် စာလုပ်နေတဲ့ Taehyung စီထွက်လာခဲ့တော့သည်...

စားပွဲတင်မီးအဝါလေးသာထွန်းထားတာကြောင့် တခန်းလုံးမှောင်မဲနေကာ Taehyung ရှိတဲ့နေရာလေးပဲလင်းလို့နေသည်..Taehyung ဘေးနားသွားကာ စားထဲအာရုံရောက်ရင်လည်းလန့်သွားမှာဆိုးတာကြောင့် စားပွဲခုံလေးကို ဖြေးဖြေးလေးခေါက်လိုက်တော့ သူ့ကိုမော့ကြည့်လာတဲ့ကောင်လေး.

" ကလေးမအိပ်သေးဘူးလား မိုးအရမ်းချုပ်နေပြီ "

" ကိုယ်အရင်အိပ်နှင့်လေ ကလေးပြီးရင်လာခဲ့မယ် "

" အင်း ကောင်းပါပြီ "

စာလုပ်နေတာအနှောက်အယှက်ဖြစ်မှာဆိုးတာကြောင့် ထွက်လာဖို့သာပြင်လိုက်တဲ့ Jungkook.
သို့သော်အနောက်ကခေါ်သံလေးကြောင့် သူ၏ ခြေလှမ်းတို့က ထိုအသံပိုင်ရှင်အနားသို့ပြန်ရောက်လာသည်..

" ကို "

" အင်း "

" ကလေး ဒီတပုဒ်လုံးဝတွက်မရလို့ တချက်လောက်တွက်ပြလို့ရမလား "

ထိုင်နေတဲ့ Taehyung ရဲ့ ကိုယ်ပေါ်ကနေအုပ်မိုးကာ Taehyung နားမလည်တဲ့ သချ်ာပုဒ်စာလေးကိုတွက်ပေးဖို့ ခဲတံကိုယူကာ စာအုပ်လေးထဲ ပါးစပ်ကလည်းရှင်းပြလို့ တဆင့်ခြင်းတွက်ပြလို့နေသည်..

သူရဲ့ကိုယ်ပေါ်က ဖတ်ထားသလိုအုပ်မိုးထားတာကြောင့် Taehyung မှာ လှုပ်တောင်မလှုပ်ရဲ..စာရှင်းပြနေရင်း ခေါင်းစောင်းကာသူကိုလှည့်ကြည့်ပြီး နားလည်လားလို့မေးတော့ မျက်နှာခြင်းက အလွန်မှနီးကပ်လို့နေသည်..Taehyung မှာ ခေါင်းလေးညိတ်ပြကာ..

" ဟုတ် နားလည်သွားပြီ "

" ဒါဆို ကို အိပ်တော့မယ်နော် "

သူ့ ရဲ့ခေါင်းလေးကို အနမ်းပေးကာထွက်သွားတဲ့ Jungkook ကို လှမ်းတားလိုက်တဲ့ Taehyung..

" ခဏလေး "

" ဘာမေးမလို့လည်း ကလေး "

" ဟင့်အင်း ကလေးလည်း အိပ်တော့မလို့ "

My Possession (complete) Hikayelerin yaşadığı yer. Şimdi keşfedin