Extra

3.6K 175 19
                                    

"ကလေးမကိုင်နဲ့!!!"

"ကိုင်တော့ဘာဖြစ်လို့လည်း အ့"

ဖန်ခွက်က ခုဏဆေးရင်း ပဲ့ရာလေးဖြစ်နေလို့မကိုင်ခိုင်းတာကို ဘုကလန့်ပြန်ပြောပြီးကိုင်လိုက်တော့ ခုတော့ရှပြီ

" ကိုင်တော့ရှပြီပေါ့ "

" အဲ့တာဆို အစောထဲက... "

အစောထဲကလို့ပြောရင်း ဘာဆက်ပြောရမှန်းမသိစဥ်းစားနေတဲ့ Taehyung.. ခုထိသူ့စကားဆိုတခွန်းမှနားမထောင်ပဲ ပြန်ပြောဖို့ပဲစဥ်းစားနေတဲ့ ကလေး.. အနားကိုသွားကာ နဖူးလေးကိုဖွဖွလေးတောက်ကာ သွေးထွက်နေတဲ့ လက်ကလေးကိုကိုင်လို့..

" ပြောပါအုံး အစောထဲကဘာဖြစ်လည်း "

" အစောထဲက မကိုင်စေချင်ဘူးဆိုရင် တခါထဲလွှတ်ပစ်လိုက်ပါလား "

" အော် ခက်ပြီ ဒီကလေးလေးနဲ့တော့ ဒီမှာတွေ့လားအဝတ် ဖန်ကွဲစတွေပစ်ရင် အဝတ်နဲ့ပက်ပြီးပစ်ရတယ်ကလေးရဲ့ အခြားသူတွေမထိခိုက်မိအောင် "

" အော် အခြားသူတွေ ထိခိုက်မှာတော့ ကိုယ်ကစိုးရိမ်တယ်လေ ကလေး ထိမိမှာကျ ကိုယ်ကမစိုးရိမ်လို့ ကွဲနေတာကြီးကိုဒီတိုင်းထားခဲ့တာပေါ့ ဟွန့် သိတယ် သိတယ် ကိုယ်က ကလေးကိုမချစ်ဘူးမဟုတ်လား!!!! အရုပ်လေးလိုဝယ်ခဲဲ့တာ မဟုတ်လား ခင်များကလူစိတ်မရှိတဲ့ လူကြီး သူများရဲ့ ငယ်ရွယ်နုပျိုနေတဲ့အချိန်တွေကို သူယောကျားအဖြစ်နဲ့ကုန်ဆုံးအောင်လုပ်ပြစ်တယ် ဘယ်မှာလည်း ကလေးတွက်တရားမျှတမှု ဟင့် "

တခါလာလည်း မချစ်ဘူးမဟုတ်လား တခါလာလည်း ဒါပဲ ဓာတ်ပြားဟောင်းကြီးပဲဖွင့်နေတဲ့အဘိုးအို​လေးကြလို့ အရမ်းချစ်တာလည်းသူသိတယ် အမြဲအလျော့ပေးတာလည်းသူသိတယ် ဒါလည်း တခုခုဆိုဒီစကားနဲ့ပဲအစချီလို့ကောက်တယ်..

" မဟုတ်ပါဘူး ကလေးရဲ့ ကိုယ်က ကလေးထွက်မလာလောက်သေးဘူးထင်လို့ ဒီတိုင်းထားခဲ့မိတာပါ ကိုယ်က ကလေးကိုပိုစိတ်ပူတာပေါ့ ကိုယ်မှာ ဒီကလေးလေးတယောက်ပဲရှိတာကို "

" သွားလာမပြောနဲ့ ရော့ ပလာစတာကပ်ပေး "

သူကိုဖတ်ကာ တောင်းပန်နေတဲ့ Jungkook ရဲ့လက်ကိုခါချလိုက်ပြီး လက်ညိုးကရှရာလေးကိုတော့ ပလာစတာကပ်ခိုင်းနေတဲ့ Taehyung..

You've reached the end of published parts.

⏰ Last updated: Jan 02 ⏰

Add this story to your Library to get notified about new parts!

My Possession (complete) Where stories live. Discover now