4

3.4K 254 31
                                    

အကျီအထည် 20 လောက်လဲဝတ် လိုက်ရလို့စိတ်ဆိုးသွားတယ်ထင်ကာ ပြုံးပြုံးကြီးနဲ့ သာကျန်ခဲ့တဲ့ Jungkook ရှင်တို့အဲ့လိုထင်နေတာလား တကယ်ကအဲ့လို့မဟုတ်..

သူကိုသွားခွင့်ပြုပါအုံးပြောကာလှည့်ထွက်သွားတဲ့ Taehyung လက်ကိုလှမ်းဆွဲကာ သူကားရှိရာစီပြန်၍ ဆွဲခေါ်လိုက်တာကြောင့် Taehyung အနည်းငယ်လန့်လို့သွားသည်..

" ဘယ်သူခွင့်ပြုချက်နဲ့ မင်းကပြန်မှာလည်း ကလေး"

" ဟင် "

" ကိုယ်ပြန် မပို့မချင်း မင်းမပြန်ရဘူး မင်းတယောက်ထဲသွားလို့ တယောက်ထဲပြန်တာက တမျိုး မင်းမိဘတွေစီက ကိုယ်ခေါ်လာတာကြောင့် ကိုယ့်မှာတာဝန်ရှိတယ် အဲ့တာကြောင့် ကိုယ်ပြန်မပို့မချင်း မင်းမပြန်ရဘူး "

"ကလေးမှာ အတန်းချိန်ရှိသေးတယ် "

" ကျောင်းဆက်တက်ချင်သေးတယ်ဆို ကိုယ့်နောက်ကိုချောချောချူချူလိုက်ခဲ့ "

Jungkook ရဲ့အပြောအဆိုကြောင့် Taehyung မှာ တော်တော်လေးစိတ်ကသိကအောင့်ဖြစ်ရသည်.

Tae pov.. ဘာလည်း ခင်များကဘာလည်း ကျွန်တော်ကို အရု​ပ်တရုပ်လိုဝယ်လိုက်တာလား ဟား ခင်များက တကယ်စိတ်ရှုပ်ဖို့ကောင်းတဲ့သူပဲ..

" တက် "

" nae! "

သူကိုယ်တိုင်တံခါးဖွင့်ပေးကာတက်ခိုင်းလို့ ကားပေါ်တက်လိုက်ရပြန်သည်..ဘယ်ကိုထက်သွားအုံးမယ်မသိ အခုအခြေအနေဆိုကျောင်းကတက်ရမယ်မထင်တော့..

" ဒါရိုက်ဘာဝူ ကျွန်တော် Euphoria Jewelry ဆိုင်ကို သွားမယ် "

သူနားနဲ့ကြားလိုက်ရတာ တကယ်ကြီးလား အဲ့ဆိုင်က ကိုရီးယားမှာဆိုနာမည်ကြီး Jewelry ဆိုင်ကြီးဆိုလည်းမမှားဘူး ဟိုတလောကပဲ အဲ့ဆိုင်က လည်ဆွဲသေးသေးလေးကို ဘယ်လောက်ဆိုလို့ social မှာ ကယက်ထသွားသေးသည်. Jimin ပြောပြလို့သူကောင်းကောင်းရင်းနှီးနေခဲ့တာ ထိုဆိုင်နာမည်နဲ့..

တကယ်တော့ Taehyung ဟာ သူ့မိဘတွေအလုပ်လုပ်တဲ့ အလုပ်ရှင်သူဌေးလို့သာသိတာ Jungkook တို့ဘယ်လောက်ချမ်းသာလည်းဆိုတာမသိ.. သူမသိသလို သူ့မိဘတွေလည်းသိလားဆိုမသိကြ..

My Possession (complete) Where stories live. Discover now