13

2.6K 174 31
                                    

မနက်မစောတစောမှည အိမ်ပေါ်ကနေပြေးဆင်းလာတဲ့ Taehyung. နောက်ခန်းကိုရောက်လို့လာပြီး စားပွဲပေါ်က မနက်စာတွေကိုကြည့်ကာ

"ကလေး စားလို့ရပြီလား ကို "

တဖက်လှည့်ကာ ဟင်းချက်နေတဲ့ Jungkook မှာ Taehyung ရဲ့ စကားကြောင့် ဘာမှမစားပဲတံတွေးတောင်သီးလို့သွားတယ်..သူလှည့်ကြည့်လိုက်တော့ စားပွဲခုံမှာ အကျအဏထိုင်လို့နေသည်..

" ဘာကြည့်တာလည်း စားလို့ရပြီလားမေးနေတာလေ ကလေးနောက်ကျနေပြီ ဒီနေ့အတန်းအစောကြီးသွားရမှာ မို့လို့ "

" အင်းးးရပြီ ခဏလေးကိုယ်လုပ်ပေးမယ် "

" မစားသေးဘူးလား တူတူစားမယ်လေ "

" ဟင် "

စကားများပြီးကျထဲက မနက်စာတောင်တူတူမစားဖြစ်ကြတော့တာကြောင့် ခုလိုတူတူစားဖို့ပြောလိုက်ပြန်တော့ Jungkook မှာ အံ့သြရပြန်သည်..

" အင်းးးစားမယ် "

" ကိုယ်နဲ့တူတူကျောင်းသွားလို့ရမလား ကလေးနောက်ကျနေလို့ "

ထပ်မှန်ပြောပြန်တဲ့စကားကြောင့် စားနေတဲ့ အစားအစာတွေပါသီးကုန်တဲ့အထိ Jungkook တယောက်အံ့သြကာ တယောက်ထဲပြာယာတွေခက်ကုန်သည်..

အဟွတ် အဟွတ်

" ဘာဖြစ်နေတာလည်း နေမကောင်းဘူးလား ကို"

ခုချိန်ထိ မျက်နှာခြင်းတချက်လေးတောင်မဆိုင်ပဲ မုန့်သာစားရင်း တခွန်းခြင်းပြောနေတဲ့ Taehyung. သူရှေ့ကလူကတော့ သူတခွန်းပြောတိုင်း ရင်တွေခုန်ကာ နှလုံးကြီးတခုလုံးအပြင်ကိုခုန်ထွက်တော့မည့်အလား..

" ကောင်း ကောင်းပါတယ် ကလေး "

" ဟုတ် စားလို့ပြီးပြီ ကောင်းကောင်းစားခဲ့ရပါတယ် အိမ်ရှေ့မှာစောင့်နေမယ်နော် "

လွယ်အိတ်ကိုကောက်လွယ်ကာ ခေါင်းလေးငုံ့လို့ နှုတ်ဆက်ကာအိမ်ရှေ့စောင့်နေမယ်ပြောသွားတဲ့ Taehyung က ခုထိတော့ Jungkook ကိုမျက်နှာလုံးမစုံသေး

....

အိမ်ရှေ့ကားနားမှာ ရပ်စောင့်နေတဲ့ Taehyung..

Tae pov..ဟူးးးငါဘာတွေလုပ်နေမိပါလိမ့် ပူလိုက်တာ ပူလိုက်တာ ဒီမျက်နှာကြီးပူလိုက်တာ ခင်များကြီးလည်း လူကြီးဖြစ်ပြီး နည်းနည်းပါးပါးအလိုက်မသိဘူး တခုပြောတိုင်းသူကတခါဖြစ်နေတယ် တကယ်ပဲ ဟူးး ပုံမှန်တိုင်းပဲနေတော့မယ်

My Possession (complete) Where stories live. Discover now