5

3.2K 227 27
                                    

မဂ်လာခန်းမထဲ ရင်းနှီးတဲ့မိတ်ဆွေလောက်သာကျင်းပဖြစ်တဲ့ မဂ်လာပွဲ..Jungkook ဘက်ဧည့်သည်များသာ လာရောက်ကြပြီး Taehyung ဘက်က သူတို့မိသားစုသုံး​​​ယောက်သာ..

အဖြူရောင်နှင်းဆီပွင့်ဖက်တို့ကိုခင်းထားတဲ့ လျှောက်လမ်းမထပ် အဖေဖြစ်သူရဲ့လက်ကလေးကိုချိတ်လို့​ဝင်လာတဲ့ အဖြူရောင်သတိုးသားငယ်ငယ်လေး..မျက်ဝန်းအိမ်ထဲဝဲတက်နေတဲ့ မျက်ရည်တို့ကအပြည့်..

" အပါး သားတကယ် လက်ထပ်ရတော့မှာပေါ့နော် "

" အင်း အပါးစိတ်မကောင်းပါဘူးသားရယ် အပါးအသုံးမကျလို့ပါ "

" ဟင့်အင်း ဒါကသားရဲ့ကံပါ "

လျှောက်လမ်းပေါ် သားဖနှစ်ယောက်တီးတိုးစကားဆိုပြီး Jungkook ကိုလှမ်းကြည့်လိုက်တော့သူ့ကိုပြုံးပြီးကြည့်လို့နေသည်..

" သူဌေးလေးက သားကိုတကယ်သဘောကျတာနေမှာပါသားရဲ့ အရမ်းကြီးစိတ်မကောင်းမဖြစ်နဲ့နော်သား "

" မယုံဘူး သားတော့ "

Taehyung ရဲ့လက်ကလေးကို Jungkook စီလွှဲပြောင်းပေးကာ ဖာသာရှေ့ မျက်နှာမှုလို့ နှစ်ဦးသားကတိစကားတို့ပေးကာ သူရွေးထားတဲ့ လက်ထပ်လက်စွပ်လေးကို အပြန်အလှန်လဲကာ အကြင်နာအနမ်းပေးမယ့်ချိန်ရောက်တော့ Taehyung ရဲ့ မျက်နှာလေးနားသို့ ခေါင်းလေးစောင်းကာတိုးကပ်သွားလိုက်သည်..

ပရိတ်သက်ဘက်ကို ခေါင်းစောင်းလိုက်တို့သူတို့နှစ်ယောက်အနမ်းကို ပရိတ်သက်တွေတယောက်မှ မမြင်လိုက်ရ..သူ၏ နှုတ်ခမ်းလေးနားတိုးကပ်လာတဲ့ နှုတ်ခမ်းတစုံကိုငြင်းပယ်ကာ ခေါင်းလေးစောင်းလိုက်တဲ့ Taehyung ကြောင့် Jungkook မှာ ဟက်ကော့ကြီးဖြစ်လို့သွားပေမယ့် အပြုံးလေးဖြင့်သာ

" ကောင်းပြီ ကလေးသဘော "

တိုးတိုးလေးပြောကာ ပါးပြင်လေးကိုသာအနမ်းပေးလိုက်တဲ့ Jungkook..

နှစ်ယောက်သား တအိမ်ထဲတူ​တူပေါင်းနေလိုက်တာကလွဲလို့ သူတို့နှစ်ယောက်ရဲ့ လက်ထပ်ခြင်းကသာမန်သာဖြစ်သည်..ခုလည်း မဂ်လာပွဲပြီးလို့ သူတို့နှစ်ယောက်တူတူနေမယ့်အိမ်သို့ရောက်လာပြန်တော့ Jungkook ကညဘက်သူငယ်ချင်းတွေနဲ့သောက်စားမှာမို့ Taehyung ကိုခေါ်သော် လည်း မလိုက်ချင်ဘူးလို့ငြင်းကာအိမ်မှာကျန်နေခဲ့သည်..

My Possession (complete) Where stories live. Discover now