6

3.1K 216 19
                                    

သူရဲ့အခန်းကနေကြည့်ရင် ကျောင်းရဲ့ဝင်ပေါက်ကိုတန်းမြင်နေရတာကြောင့် ကျောင်းဝင်းထဲဝင်လို့လာတဲ့ ပြုံးရွှင်နေတဲ့ကောင်လေးနှစ်ယောက်ကို အထင်း သားမြင်နေရသည် .

သူရဲ့ရှေ့မှာသာ အပြုံးအရယ်မရှိတဲ့ Taehyung က Jimin နဲ့ဆို ပြုံးနေလိုက်တာများ ကမ္ဘာကြီးတခုလုံးသူအပိုင်ရထားသလို..

ဘယ်သူကြောင့်ပဲ ပြုံးနေပါစေ Taehyung ရဲ့အပြုံးတွေကိုသူသိပ်သဘောကျသည်..သို့သော် သူ့ကြောင့်သာ ထိုအပြုံးလေးတွေကို ဖြစ်ပေါ်စေချင်မိတာလည်း သူ့ရဲ့အတ္တတွေထဲက အတ္တတခု ဖြစ်လို့နေပြန်သည်.

ကျောင်းဝင်းရှေ့သို့ ငေးမောနေချိန် တံခါးခေါက်သံကြောင့် လိုက်ကာလေးကိုဆွဲကာပိတ်လိုက်သည်..

"nae "

" ဆရာ Jeon Jungkook "

" nae "

" တွေ့ရတာဝမ်းသာပါတယ်ဗျာ ကျွန်တော်က ပထမနှစ်ကိုသင်ရမယ့် Eng စာဆရာ Kim Namjoon ပါ "

" nae တွေ့ရတာဝမ်းသာပါတယ် ကူညီပေးပါအုံးဗျာ"

" အာ nae ကူညီရမှာပေါ့ အချိန်စာရင်းသိပြီးပြီပေါ့ ဒါဆိုသွားခွင့်ပြုပါအုံး ကျွန်တော် အတန်းချိန်စတော့မှာမလို့ပါ "

" nae "

သူရဲ့ပထမဆုံးအချိန်ကလည်း Taehyung တို့ရဲ့အခန်းကို စသင်ရမှာဖြစ်တာကြောင့် သူလည်းအတန်းချိန်စခါနီးမလို့ Taehyung အခန်းရှိရာထွက်လာခဲ့တော့သည်..တက္ကသိုလ်ကျောင်းသားတွေဖြစ်တာကြောင့် သူဝင်သွားတာနဲ့ အားလုံးက ငြိမ်သက်စွာ နှုတ်ဆက်ကြသည်

" မဂ်လာပါ ကလေးတို့ "

ကျောင်းဆရာက ငယ်ငယ်လေးဖြစ်သလို ရုပ်ရည်အားဖြင့်ကလည်းချောတာထပ်ကိုလွန်နေပြီး ခန္တာကိုယ်အချိုးအစားကလည်း အမိုက်စားဖြစ်နေတာကြောင့် ပထမနှစ် အခန်း2 က ကျောင်းသားတွေရဲ့ မနက်ခင်းလေးဟာဆိုရင်
ဖြင့် သချ်ာသင်ရတာတောင်အလွန်ပင်တက်ကြွလန်းဆန်းနေကြသည်..

" nae!!!! မဂ်လာပါ ဆရာ "

"ဆရာနာမည်က Jeon Jungkook လို့ခေါ်တယ်. ဆရာက မင်းတို့ကို သချ်ာသင်ပေးမှာ သိပြီးပြီပေါ့ "

My Possession (complete) Där berättelser lever. Upptäck nu