12

2.9K 179 24
                                    

မနက်စောစော အစားအသောက်အထုပ်အပိုးတွေပြင်ဆင်ကာ အိမ်အောက်မှာအဆင်သင့်စောင့်နေတဲ့ Jungkook.

Taehyung ကို ဘာတခုမှ သတိမပေးထားဘဲ သူ့ဘာသာညကစီစဥ်ပြီး မနက်ကျတော့အားလုံးအဆင်သင့်ပြင်ထားခြင်းဖြစ်သည်..

အိမ်ပေါ်ထပ်ကနေ ကျောင်းသွားရန်ဆင်းလာတဲ့ Taehyung.Jungkook ကိုကျော်ကာထွက်သွားဖို့လုပ်တော့ Taehyung ရဲ့လက်ကိုဆွဲကာ ကားစီသို့ထွက်လာခဲ့သည်

" ဘာလုပ်တာလည်း ကျွန်တော်ခင်များနဲ့အတူတူ မသွားဘူး "

" ကို ကိုယ်လို့ပြန်ပြင်ခေါ်ပေး ပြီးတော့ဒီနေ့ကျောင်းမသွားဘူး ခရီးသွားမှာ "

" ဘယ်သူကလိုက်မယ်ပြောလို့လည်း "

" ညကပြောထားတာမေ့သွားတာလားကလေး မလိုက်လည်းပွေ့ချီသွားမှာ တက်ကားပေါ် "

" မတက်ဘူး "

Taehyung ရဲ့ကိုယ်လုံးလေးကိုပွေ့ချီလိုက်ပြီးကားပေါ်တင်ကာထိုင်စေလိုက်သည်..

" အာ့ ဘယ်လိုဖြစ်နေတာလည်း မလိုက်ဘူးဆို "

" ခရီးလိုက်မလား ဒီနားမှာပဲ အသက်ရှုကြပ်တဲ့အထိ အနမ်းခံမလား "

တဖြေးဖြေးထိုင်နေတဲ့ Taehyung ရဲ့မျက်နှာလေးနားတိုးကပ်လိုက်တော့ ရင်ဘက်ကနေစောင့်တွန်းခံလိုက်ရပြီး နှုတ်ခမ်းလေးဆူကာ စောင့်စောင့်အောင့်အောင့်အဖြေကြောင့် Jungkook မှာပြုံးပြုံးကြီး

" ဖယ် လိုက်မယ် "

သူတို့ရဲ့ကားလေးဟာ ဆိုးလ်ကနေ ဘူဆန်သို့တရွေ့ရွေ့မောင်းနှင်လာခဲ့တော့သည်..သူဘက်ကိုမလှည့်ဘဲ ပြတင်းပေါက်ဘက်သာမျက်နှာမှုလို့ထိုင်နေတဲ့ Taehyung စကားလည်းမပြောကြတာကြောင့်တိတ်ဆိတ်လို့နေသည်..

တိတ်ဆိတ်နေတဲ့ ပတ်ဝန်း ကျင်လေးကိုဖြိုခွင်းရန် ရေဒီယို ကိုဖွင့်လိုက်တော့ BTS အဖွဲ့ဝင် V ရဲ့ Travel with me ဆိုတဲ့ သီချင်းလေးကတိုက်တိုက်ဆိုင်ဆိုင် လာနေသည်..သီချင်းလေးကိုနားထောင်ရင်း Taehyung ရဲ့ လက်ကလေးကိုဆုတ်ကိုင်လိုက်သည်..

" ဘာလုပ်တာလည်း "

" ကိုင်တာလေ "

"ကိုင်တာတော့ခင်များပြောမှလား လွှတ် "

My Possession (complete) Where stories live. Discover now