3

3.7K 261 29
                                    

ခုအချိန်

Taehyung တယောက်ကျောင်းသွားဖို့ပြင်ဆင်နေချိန် အခန်းတံခါးခေါက်သံကြောင့် ဝင်ခဲ့ဖို့လှမ်းဖြေလိုက်သည်..

" nae "

အခန်းထဲဝင်လာတဲ့ အဖေဖြစ်သူကို အကျီဝတ်ရင်းလှည့်ကြည့်လိုက်သည်..

" သား ဒီနေ့ကျောင်းမသွားနဲ့ သူဌေးမင်းက ခုဏဖုန်းဆက်တယ် မဂ်လာကိစ္စပြောဖို့ အိမ်ကိုလာခဲ့ပါတဲ့ "

" အဲ့တာ ခုပြောတော့မလို့လား ပိတ်ရက်မှပြောလို့မရဘူးလား "

" သား "

" သွားမယ် သွားမယ် ရပြီလား "

မိသားစုသုံးယောက် သူတို့ရဲ့ သူဌေးမင်းအိမ်သို့ ထွက်လာခဲ့ကြသည်..Taehyung က သူဝတ်နေကြ အညိုရောင်လောင်းကုတ်လေးနဲ့ပဲပေါ့..

အိမ်ကြီးထဲရောက်တော့ အိမ်ကြီးရဲ့ခန်းနားမှုကို ပါးစပ်လေးအဟောင်းသားနဲ့ လိုက်ကြည့်နေမိတဲ့ Taehyung..ဧည့်ခန်းကပဲ သူတို့အိမ်လေးရဲ့ 10 ဆလောက်ရှိနေသည်..ထိုအချိန် သူဌေးမင်းရောက်လို့လာသည်..

" ထိုင်လေ "

ဆိုဖာခုံတန်းရှည်မှာ ဝင်ထိုင်လိုက်တဲ့ သူတို့မိသားစုသုံးယောက် ထိုမချိန်အိမ်ပေါ်ကနေ အနက်ရောင် shirt အကျီကိုအနက်ရောင်ဘောင်းဘီနဲ့တွဲကာဝတ်လို့ ဖြူဝင်းနေတဲ့အသားရေကိုပို၍ထင်းစေသည်..လှေကားကနေဆင်းလာတဲ့ သူကို Taehyung မျက်စိရောက်မိစဥ်သူစဥ်းစားမိတာက

Tae pov..ဒီလူလား ဒီလောက်ချောတဲ့သူက ငါ့ကိုလိုချင်တာလား ငါက ရုပ်ဆိုးဆိုးဝဝတုတ်တုတ်ကြီးမို့ ငွေနဲ့အပိုင်သိမ်းပြီးလိုချင်တယ်ထင်ခဲ့တာလေ ဒီလူကဒီလောက်ချောနေတာကို.. မဟုတ်မှ ကျပ်မပြည့်လို့များလား မဖြစ်နိုင်ပါဘူး လူကဆိုက်အပြည့်ပါပဲ

လှေကားပေါ်ကဆင်းလာတဲ့ Jungkook ကလည်း Taehyung ကိုမျက်စိမလွှဲကြည့်ကာ..

Jk pov. မင်းကအညိုနဲ့လိုက်တာပဲ

Taehyung တယောက် အတွေးလွန်နေစဥ်အနားကိုရောက်လာတဲ့ Jungkook က သူရဲ့ရှေ့ကခုံမှာဝင်ထိုက်လိုက်သည်..Jungkook နဲ့ မျက်နှာခြင်းဆိုင်ဖြစ်သွားချိန်အကြည့်ခြင်းစုံမိသွားတော့ Taehyung ဟာ ခေါင်းလေးငုံ့ချကာအကြည့်လွှဲလိုက်သည်.

My Possession (complete) Where stories live. Discover now