2

3.8K 263 11
                                    

အိမ်ထဲဝင်လာတဲ့က အနှစ်နှစ်အလအလ ခွဲခွာထားရတဲ့ အဖေဖြစ်သူကိုတခါလေးဖတ်ကာနှုတ်ဆက်ပြီး ချက်ချင်းပဲ တောင်းဆိုလိုက်တဲ့စကားကြောင့် အဖေဖြစ်သူ သွေးတက်လုမတက်...

" Hello ငါ့သား တကယ်ကိုယောကျားကြီးဖြစ်လာတာပဲ ဘယ်လိုလည်း Daddy အလုပ်​တွေ ဝိုင်းလုပ်တော့မယ်ပေါ့ "

" Daddy အလုပ်တွေလုပ်စေချင်ရင်သားလိုချင်တာတခုပြန်လုပ်ပေး "

" အော် မင်းကရောက်လာတာနဲ့ တောင်းဆိုတာကပါလာပြီ ပြောစမ်းဘာလည်း "

" သားလက်ထက်ချင်တယ် "

" ဟေ ~ ချက်ချင်းကြီးပါလား ပြောစမ်းပါအုံး  ဒီကိစ္စဘာခက်လို့လည်း ပြောဘယ် Group က သမီးလည်း "

" ဘယ် Group ကမှလည်းမဟုတ်ဘူး ပြီးတော့ မိန်းကလေးလည်းမဟုတ်ဘူး သားလိုချင်တာ အိမ်စေ Kim Minyoung ရဲ့သားကိုလိုချင်တာ "

မိန်းကလေးမဟုတ်ဘူးလို့ပြောတဲ့အချိန်မှာတင် အဖေဖြစ်သူက တော်တော်လေးအံ့သြကာမျက်လုံး ပြူးနေပြီ ထပ်မှန်အိမ်စေရဲ့သားလို့ပြောလိုက်ချိန်မှာတော့

" ငါ့သား မင်းဟာကမဟုတ်သေးပါဘူးကွာ ဘာမဟုတ်တဲ့လူတွေ Daddy တို့လို အနေအထားနဲ့ လုံးဝမအပ်ဆက်ဘူးလေ "

" မဟုတ်ဘူး ဟုတ်တယ်ဆိုတာ ကာရယ်ကံရှင်ထက် Daddy က ပိုသိ​​နေတာလား အနေအထားတွေဘာတွေသားစိတ်မဝင်စားဘူး သား အဲ့ကောင်လေးကိုလက်ထက်ချင်တယ် အမြန်ဆုံးနည်းနဲ့ သားဒါပဲသိတယ်"

" မင်းလည်းပြန်လာတာနဲ့ ငါ့ကိုဒုက္ခစပေးတာပဲ "

သားဖနှစ်ယောက်မျက်နှာခြင်းဆိုင်စကားပြောနေရာကနေ အဖေဖြစ်သူရဲ့ စိတ်ပျက်စွာငြီးငြူလိုက်တာကို တချက်ပြုံးပြကာ သူလိုချင်တာရသွားပြီဆိုတော့ အေးရာအေးကြောင်းအိမ်ပေါ်ထပ်သို့တက်သွားသည်. မတက်သွားခင်လေးမှာ အဖေဖြစ်သူကို..

" သား Daddy အလုပ်တွေလည်းဝိုင်းလုပ်ပေးမှာမို့လို့ ဒီတခုကို ရအောင်စီစဥ်ပေးပါ ဒုက္ခပေးတယ်မမြင်ပါနဲ့ Daddy ရယ် "

" ငါကကျေးဇူးတောင်တင်ရအုံးမယ်ပေါ့ "

အဖေဖြစ်သူပြန်ရွဲ့တော့လည်း အပြုံးလေးဖြင့်သာပြုံးပြလို့ ထွက်လာခဲ့သည်...

My Possession (complete) Where stories live. Discover now