Part_1

2.7K 79 0
                                    

"ခေါင်းဆောင်.....အကုန်အဆင်သင့်ဖြစ်ပါပြီ"

"ဌာနချုပ်ဆီဆက်သွယ်လိုက်တော့"

"ဟုတ်ကဲ့"

"ဗိုလ်ချုပ် ကျွန်တော်တို့အဆင်သင့်ဖြစ်နေပါပြီ နောက်ဆယ်မိနစ်နေရင် နယ်စပ်ကိုဝင်သိမ်းပြီး ဓားစားခံတွေကိုအန္တရာယ်ကင်းကင်းနဲ့ပြန်ခေါ်လာခဲ့ပါ့မယ်"

"ဟုတ်ပြီ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါ"

"ဟုတ်ကဲ့ ကျွန်တော်ပြီးရင်ပြန်ဆက်သွယ်လိုက်ပါမယ်"

"ဂျီမင်း..."

"နား‌ထောင်နေပါတယ်"

"အဖေ သားကိုယုံကြည်တယ် ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ"

သားအဖနှစ်ယောက်ကြား‌အေးစက်တဲ့ဆက်ဆံရေးက ဂျီမင်း‌အမေဆုံးပြီးတည်းကစခဲ့လေတော့သည် အဖေ့ရဲ့အလုပ်အပေါ်မှာပဲအာရုံစိုက်ပြီး မိသားစုအပေါ်ဂရုမစိုက်နိုင်ခဲ့သည့်လုပ်ရက်များကြောင့် ဂျီမင်း အဖေ့ကိုမုန်းမိခဲ့ပါသည် အမေ့ရဲ့နောက်ဆုံးအချိန်မှာတောင် အဖေလာမတွေ့နိုင်ခဲ့ဘူး သူအဖေအပေါ်နည်းနည်းတော့စိတ်နာမိသည်

ဂျီမင်း အတွေးတို့ကိုလက်စသတ်လိုက်ပြီး အလုပ်အပေါ်မှာပဲ အာရုံစိုက်ထားလိုက်သည် အခုချိန်မှာဓားစာခံတွေရဲ့အသက်တွေသည်သာအရေးကြီးဆုံးမလား

"ခေါင်းဆောင် သူတို့ဘက်လူအင်အားကရာကျော်တယ် ကျွန်တော်တို့အထူးတပ်ဖွဲဝင်တွေအတွက်အရေးမကြီးပေမယ့် ဓားစာခံတွေ...."

"ဓားစာခံတွေကဘာဖြစ်လို့လဲ"

"သူတို့ကိုယ်ပေါ်မှာ ဗုံးတွေတပ်ဆင်ထားပါတယ် ဘယ်အချိန်ထပေါက်မှန်းမသိနိုင်တဲ့အတွက်...."

"သိပြီ နားလည်တာမို့ ငါတို့မြန်မြန်လှုပ်ရှားရလိမ့်မယ် ယုံတယ်မလား ကိုယ့်ကိုကိုယ်နဲ့အဖွဲ့ဝင်တွေကိုယုံကြည်ပါ"

ဂျီမင်း သက်ပြင်းအရှည်ကြီးချလိုက်မိသည် အခုချိန်မှာသူလုပ်နိုင်တာက သူ့အဖွဲ့ကလူတွေကိုအားပေးနိုင်တာပဲရှိတော့တယ်

"စ......ပစ်တော့...."

"boss ဟိုကောင်တွေရောက်လာပြီ"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now