Part_15

518 38 0
                                    

ဂျီမင်းဘာစကားမှဆက်မပြောနိုင်တော့
မောင့်လက်လေးကိုဆုပ်ကိုင်ထားရင်း မောင့်ကိုသာငေးကြည့်နေတော့သည်

"မငိုနဲ့....မင်းမျက်ရည်ကျနေတာကိုမောင်မကြိုက်ဘူး"

"လမ်းခွဲလိုက်ရင်ကော ကိုယ်ကပျော်နေမယ်ထင်လို့လား"

"မောင်က..."

"အတူတူရှိလို့မဖြစ်နိုင်ဘူး ဒီလောက်နဲ့ပဲရပ်တန့်လိုက်ရအောင် ထွက်သွားပေးပါလို့ ငါ့ကိုလာမပြောနဲ့ မောင်နဲ့အတူရှိနိုင်ဖို့ အတားအဆီးတွေ အခက်အခဲတွေကျော်ဖြတ်လာခဲ့တာ ငါရူးနေလို့မဟုတ်ဘူးမောင် ရွေးချယ်စရာတွေအများကြီးထဲကမှ မောင့်ကို ချစ်ဖို့ပဲရွေးချယ်ခဲ့သူမို့ ဂျွန်ဂျောင်ဂုကဘာပဲဖြစ်နေနေ ဒီကမ္ဘာပေါ်မှာ ငါ အချစ်ဆုံးအမျိုးသားက မောင်ပဲ!!!!"

"ဂျီမင်း ခေါင်းမမာစမ်းနဲ့ မောင်မင်းအတွက်ပြောနေတာမင်းကိုအသက်ထက်ချစ်တာမို့ မြတ်မြတ်နိုးနိုးနဲ့ကိုချစ်ခဲ့တာမို့ မောင့်အချစ်က မင်းအပေါ်ကိုထိခိုက်လာမယ်ဆိုရင် မောင် မင်းကိုစွန့်လွှတ်သင့်ရင်စွန့်လွတ်ရမှာပဲမင်းကိုကာကွယ်ဖို့မောင်ဘာမဆိုလုပ်ပစ်မှာ မင်းအတွက်ဆိုမောင်လူလည်းသတ်ရဲတယ် မောင်ကိုယ်တိုင်လည်းသေရဲတယ် မင်းကိုတော့အဆုံးရှုံးခံမှာမဟုတ်ဘူး...."

"လူသတ်ရဲတယ်ဆို ငါ့ကိုသတ်လိုက်!! အဲ့တာဆိုငါလမ်းခွဲပေးမယ်"

"ဂျီမင်း!!!"

"ဒီကိစ္စဒီမှာတင်ပြီးပြီ လမ်းခွဲမယ့်အကြောင်းကိုယ့်ကိုလာမပြောနဲ့တော့"

မောင့်ကိုမရရတဲ့နည်းနဲ့အနားမှာခေါ်ထားအုံးမှာ မောင့်ကိုအဆုံးရှုံးမခံနိုင်ဘူး

ဂျီမင်းအတွေးတို့ကဟိုတစ်စဒီတစ်စဖြင့် ဘားထဲကမီးရောင်စုံအောက်မှာကခုန်နေကြတဲ့လူတွေကိုလည်းသတိမမူမိ ငိုက်မြည်းလာတဲ့မျက်လုံးနှစ်ဖက်ကိုလက်ဖြင့်ပွတ်သတ်ရင်းအရက်တွေချည်းလိမ့်သောက်နေခဲ့သည်

"ဂျီမင်း မင်းမူးနေပြီတော်တော့ ငါဂျောင်ဂုကိုခေါ်ပေးရမလား"

"ငါဒီလောက်ထိချစ်တာကိုကွာ သူကလမ်းခွဲမယ်တဲ့ပြောရက်လိုက်တာ"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now