Part_12

510 41 0
                                    

"ဂျောင်ဂု!!!!မင်းဘယ်လိုလုပ်လိုက်တာလဲ"

"တွန်းလိုက်တာလေ မမြင်ဘူးလား"

"မင်း အမေကိုမလေးမစားနဲ့"

"နာတယ်မလား အဲ့မြေခွေးမကိုထိတော့နာတယ်မလားလို့ ဒါအစပဲရှိသေးတယ် ဂျီမင်းကိုနောက်တစ်ခါထပ်ထိရဲထိကြည့်လိုက် အဲ့ထက်ဆိုးမယ်
အဖေကိုယ်ချင်းစာတရားလေးတော့ထားပေါ့ အဲ့မိန်းမကိုထိတော့နာကျင်ရတယ်မလား အဲ့လို‌ပဲကျွန်တော်မြတ်နိုးတဲ့လူကိုထိရင်လည်းကျွန်‌တော်ကငြိမ်ခံ‌နေမှာမဟုတ်ဘူး အဖေရောအဲ့မိန်းမရော ဂျီမင်းအိမ်ကနေအခုထွက်သွားပေးပါ"

"မောင်"

"ဂျီမင်း မောင်တို့အိမ်ထဲဝင်ကြရအောင်"

"တောက်ခ်!!!!!ဂျွန်ဂျောင်ဂု ကိုယ့်အဖေနဲ့အမေကိုမခန့်လေးစားနဲ့ တွေ့ကြသေးတာပေါ့ မင်းမြတ်နိုးတဲ့အဲ့ကောင်လေးအိမ်မက်ဆိုးတွေပဲမက်နေအောင်လုပ်ပြမယ်"

ဂျွန်အိမ်တော်ရဲ့သခင်ကြီးဟာအဲ့လိုလူစားမျိုး လူတွေကိုသူကြိုးကိုင်ချင်သလိုကြိုးကိုင်ပြီး အဲ့ကြိုးပြတ်တောက်သွားတဲ့တစ်နေ့ကျ ရက်စက်တဲ့နည်းလမ်းနဲ့သူ့အနားမှာပြန်ချည်ထားတတ်တဲ့လူစားမျိုး

"ဂျီမင်း ဆေးထည့်ရအောင်
ကျစ်! မျက်နှာနုနုလေးကိုမှကွာ"

သူတောင်မထိရက်မကိုင်ရက်လေးပိုးမွေးသလိုစောင့်ရှောက်ထားတာကိုသူတို့မို့လိုကွာ တောက်ခ်!!

"မောင်မနက်ဖြန်ကစပြီးအလုပ်မသွားတော့ဘူး"

"ဘာဖြစ်လို့လဲမောင် ကိုယ့်ကိုစိတ်မချလို့ဆိုတဲ့အကြောင်းပြချက်တော့မပေးနဲ့နော်"

"အဖေတို့နဲ့မပတ်သတ်ချင်တော့လို့"

"ဘယ်လောက်ပဲမပတ်သတ်ချင်ပါစေ သူကမောင့်အဖေပဲလေ လူကမနီးစပ်ချင်ရင်တောင်သွေးကမနီးစပ်ချင်လို့မရဘူး‌"

"အဲ့သွေးတွေကိုဖောက်ထုတ်‌ပစ်မှာ"

"မောင် ကလေးဆန်မနေနဲ့ ပုံမှန်အတိုင်းပဲအလုပ်သွားလုပ်"

"အချစ်ကလဲ"

"အချစ်ကမလဲဘူး ‌အကောင်းကြီး"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now