The End🦋

1K 43 4
                                    

"မောင် အိမ်ကိုမမောင်းဘူးလား"

"အင်း အချစ်ကိုခေါ်သွားချင်တဲ့နေရာလေးရှိလို့"

"ဟင် ဘယ်နေရာလဲ"

"ရောက်ရင်သိရမှာပေါ့ အချစ်ရဲ့"

"ဟုတ်ပါပြီ"

ခဏကြာတော့ မောင် ခေါ်သွားချင်တဲ့နေရာလေးရောက်ပြီထင်ပါရဲ့ ကားကိုရပ်လိုက်ပြီး ကျွန်တော့်ကို ကားတံခါးဖွင့်ပေးလာသည် မောင့်ရဲ့ဂရုစိုက်တတ်တဲ့အပြုအမူသေးသေးလေးတွေကအစမြတ်နိုးစရာလေး
မောင်က ကျွန်တော့်လက်လေးကိုဆွဲကာ အရှေ့မှဉီးဆောင်သွားနေသည် အတော်ကြာလမ်းလျှောက်ပြီးမှ လေတဖြူးဖြူးတိုက်နေတဲ့ တောင်ကုန်းလေးတစ်ခုပေါ်ရောက်လာခဲ့သည်

"ဝိုးးးး လှလိုက်ဝာာ"

တောင်ကုန်းပေါ်ကနေ ဆိုးလ်မြို့တစ်ခုလုံးကိုခြုံ၍မြင်နေရသည် မှောင်ရီပျိုးစအချိန်မို့ထင်ပါရဲ့
ဆိုးလ်းမြို့ကပိုလှနေသယောင် ကောင်ကင်ကြီးကလဲကြည်လင်လျက်

"သဘောကျရဲ့လား အချစ် မောင် အချစ်နဲ့အတူနေဝင်ချိန်လေးကိုကြည့်ရတာသိပ်သဘောကျတာပဲ အဲ့ကြောင့်မို့ ဒီ‌နေရာကိုခေါ်လာတာ"

"ကိုယ်လဲ မောင်နဲ့အတူရှိနေတဲ့ အချိန်တိုင်းကိုသဘောကျတယ်"

"ဟိုးကောင်ကင်ကြီးကို မော့ကြည့်လိုက်ပါအုံးအချစ် ဒီနေ့ကောင်းကင်မှာကြယ်တွေသိပ်မရှိဘူးတွေ့လား ဒါမဲ့ကြယ်လေးတစ်လုံးကတော့ ကောင်ကင်ကြီးကိုအလင်းဓာတ်ပေးဖို့ ရှိနေတယ် သူတစ်ယောက်ထဲရှိနေတာတောင်ကောင်ကင်ကြီးကလှပနေတယ် အဲ့ကြယ်လေးက မောင့်အချစ်နဲ့တူတယ်"

"ဟင် ဘာလို့"

"အချစ်က မှောင်မိုက်နေတဲ့မောင့်ဘဝကို အလင်းရောင်ပေးခဲ့တဲ့ ကြယ်လေးလေ အတိုက်အခိုက်တွေအများကြီးရှိတာတောင် မောင့်ကိုချစ်ဖို့ရွေးချယ်ခဲ့လို့ကျေးဇူးတင်ပါတယ် မောင်လေ အချစ်ကိုဘယ်လိုနည်းနဲ့မှအဆုံးရှုံးခံမှာမဟုတ်တော့ဘူး အချစ်နဲ့အတူနိုးထခွင့်ရတဲ့မနက်တိုင်းကိုလဲသဘောကျတယ် အချစ်နှုတ်ခမ်းဖျားလေးကနေ မောင် လို့ခေါ်ခံရတာလဲသဘောကျတယ်"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Dove le storie prendono vita. Scoprilo ora