Part_19

496 41 0
                                    

တုန်ယင်နေတဲ့ကိုယ်လုံးလေးကို မောင်ဟာ ရင်ခွင်ထဲဆွဲသွင်းလျက် နဖူးလေးကိုခပ်ဖွဖွအနမ်းတစ်ချက်ပေးသည်

"ဂျီမင်း မောင် မင်းကိုဆက်မကာကွယ်နိုင်တော့မှာ အကြောက်ဆုံးပဲ အဆိုးဆုံးအခြေအနေတွေဖြစ်မလာခင် ဒီနေရာကနေထွက်သွားတော့"

"ဟင့်အင်းးး မသွားဘူး မောင့်ကို ထားခဲ့ပြီးဘယ်မှမသွားဘူး မောင့်ကိုဆေးရုံခေါ်‌သွားပေးမယ်"

"ခေါင်းမမာစမ်းနဲ့ ဂျီမင်း မောင့်ကိုထားပြီး သွားတော့"

မောင်ဟာ အဆင်ပြေချင်ယောင်ဆောင်ပေမယ့် မောင့်ဒဏ်ရာကနေစီးဆင်းလာတဲ့သွေးတွေဟာ မြင်မကောင်း တစ်ချက်တစ်ချက်မှေးကျသွားတဲ့ မျက်ဝန်းတွေကြောင့် ဂျီမင်းမှာ အရူးမီးဝိုင်း ရုတ်တရက်ဆန်လွန်းတဲ့အဖြစ်အပျက်‌ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့

"သခင်လေးတို့ကဒီမှာလာအလွမ်းသယ်နေကြတာကိုး"

"ခင်ဗျားကဘယ်သူလဲ"

"ဂျီမင်း မောင့်‌အနောက်ကိုဝင်နေ"

"မင်းတို့ဘာလိုချင်တာလဲ"

"ပတ်ခ်ဂျီမင်းကို ခေါ်လာခဲ့"

တစ်ဖက်လူမှ အမိန့်ပေးလိုက်တော့ သူတပည့်တစ်ယောက်က ဂျောင်ဂုအနောက်မှ ဂျီမင်း ကိုအတင်းဆွဲခေါ်လာတော့သည်

"ဂျီမင်း!!!!!! မင်းတို့ဘာလုပ်တာလဲ သူ့ကိုလက်ဖျားနဲ့တောင်ထိဖို့မစဉ်းစားနဲ့"

"ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ပါ သခင်လေးကိုကြည့်ရတာဒဏ်ရာရထားတဲ့ပုံပဲ"

ဂျီမင်း စကားပြောစက်ကိုဖွင့်လိုက်ပြီး

"ထယ်ယောင်းးး အနောက်ဘက် ဆိပ်ကမ်းကို အဖွဲ့ဝင်တွေခေါ်ပြီးအမြန်လာခဲ့ပေးပါ"

တစ်ဖက်မှ တုန်ယင်နေတဲ့အသံကြောင့် ဂျီမင်း တစ်ခုခုဖြစ်‌မှန်း ထယ်ယောင်းရိပ်မိပ်လိုက်သည်

"ဂျီမင်း ငါအခုချက်ချင်းလာခဲ့မယ်"

"မင်းကများ ဘယ်သူ့ကိုအကူညီသွားတောင်းနေသေးတာလဲ"

တစ်ဖက်လူမှ ဒေါသတကြီးဖြင့် ဂျီမင်းကို ရိုက်ရန် လက်ရွယ်တော့ ဂျောင်ဂု နံရံတောင့်မှာရှိတဲ့ အုတ်နီခဲကြီးကိုယူပြီး အားအကုန်သုံးကာ ထိုလူ၏ခေါင်းတည့်တည့်ကိုရိုက်ချလိုက်တော့သည်

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now