Part_21

520 39 0
                                    

မှောင်မည်းနေတဲ့ အခန်းကျဉ်းလေးထဲ ဝိုးတိုးဝါးတားမြင်နေရတဲ့ အလင်းရောင်လေးကို ငေးကြည့်ရင်း တစ်ယောက်ထဲအထီးကျန်စွာထိုင်နေမိသည် မောင့်ဂျီမင်းလေး အဆင်ရောပြေနေရဲ့လား မောင်လေ ‌မင်းကို အရမ်းလွမ်းတာပဲ

"နံပါတ် 1103 ထမင်းစားချိန်ရောက်ပြီ"

ဂျောင်ဂု အပြင်ထွက်ရန်ပြင်လိုက်ပေမယ့် ခဏတုံ့ဆိုင်းသွားခဲ့သည် ပုံမှန်ထမင်းစား‌ချိန်က ညနေပိုင်းမှမလား ဒီနေ့ကျဘာလို့အစောကြီးလဲ ဂျောင်ဂုဘဝမကျစွာဖြင့် အပြင်ကိုထွက်လာခဲ့လိုက်သည် ထမင်းစားတဲ့နေရာမှာလဲ အကျဉ်းသားတစ်ယောက်မှရှိ‌မနေ ထိုအချိန် ရုတ်တရက်လက်ကိုလာဆွဲတဲ့လူကြောင့် ဂျောင်ဂု ရိုက်ရန်ဟန်ပြင်လိုက်ပေမယ့် မြင်လိုက်ရတဲ့မျက်နှာလေးကြောင့် လက်များလေထဲမှာတုံ့ဆိုင်းလျက်....

"ဂျီမင်းးးး"

"မောင်!"

"လွမ်းနေခဲ့တာ အချစ်ရယ် မောင်လေ မင်းမရှိတော့သေလုမတတ်ပဲ"

"ကိုယ်ရောပဲ မောင့်ကိုအရမ်းလွမ်းနေတာ ကြည့်ပါအုံး မောင့်မျက်နှာလေးချောင်ကျသွားလိုက်တာ"

ဂျီမင်းနဲ့ဂျောင်ဂုကိုကြည့်ပြီး ထယ်ယောင်းစိတ်မရှည်တော့

"ဟိုနှစ်ယောက်က ဒီတစ်သက်အလွမ်းသယ်လို့ပြီးပါ့မလား ဂျီမင်း အစောင့်တွေသတိပြန်မရခင် မြန်မြန်လုပ်"

"ဟုတ်သား မောင် ကိုယ်တို့အခု မောင့်ကိုလာကယ်တာသိလား ‌အစောင့်တွေမလာခင် ဒီနေရာကနေအမြန်ဆုံးထွက်သွားရအောင်"

"အချစ်က ဘယ်လိုလုပ်"

ဂျောင်ဂုနှုတ်ခမ်းကို လက်ဖြင့်ဟန့်တားလိုက်ပြီး

"မေးခွန်းတွေနောက်မှမေး အခု အရေးကြီးဆုံးက မောင်ဒီကနေလွတ်သွားဖို့ပဲ
ထယ်ယောင်း ငါတို့သွားရအောင်"

"ဟုတ်ပြီ ဒီဘက်လမ်းက သွားကြရအောင် ပင်မဂိတ်ကထွက်ရင် အစောင့်တွေကင်းလှည့်တာနဲ့တွေ့မှာစိုးလို့"

တစ်ဖက်တွင်__

"အရာရှိကြီး ဂျွန်ဂျောင်ဂု ထောင်ကလွှတ်သွားလို့"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now