Part_20

530 40 0
                                    

"သတိမရသေးဘူးလား"

"ဟုတ်ကဲ့"

"ရေလောင်းချပြီး နှိုးလိုက်"

"ဟုတ်ကဲ့ပါ သခင်ကြီး"

ဗွန်းးးးး(ရေလောင်းတဲ့အသံလို့ပဲမှတ်လိုက်ကြတော့ ဟီး")

‌ရေလောင်းချခံလိုက်ရတော့ ဂျီမင်း လက်ချောင်းလေးတွေလှုပ်ရှားလာပြီး သတိရတစ်ချက်မရတစ်ချက်ဖြင့်
မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ သူနဲ့မရင်းနှီးတဲ့နေရာတစ်ခု သူ့ရှေ့မှာ လူလေးငါးယောက်လောက်ကမတ်တပ်ရပ်လျက် သူ့ကိုစိုက်ကြည့်နေကြသည် သူသတိမလစ်ခင် အရိုက်ခံထားရတဲ့‌နေရာကနေစပ်ဖျင်းဖျင်းနာကျင်မှုကြောင့် ခေါင်းတွေထိုးကိုက်လာရသည်

"သတိရလာပြီလား sorry ကွာ ငါတို့မင်းနှိုးလာမယ့်အချိန်ထိမစောင့်နိုင်လို့ ရေလောင်းပြီးနိုးလိုက်ရတာ"

ကျွန်တော်ထင်ထားမမှားဘူးဆို ကျွန်တော့်ကိုအခုစကားပြောနေတဲ့လူက မောင့်အဖေပင်

"ကဲ သတိလဲရပြီဆိုတော့ ပြောစရာရှိတာပြောကြတာပေါ့"

"လွှတ်ပေး ကျွန်တော့်ကိုအခုချက်ချင်းလွှတ်ပေး"

"စောက်ပါးစပ်ပိတ်ထားစမ်း မင်းကိုလွှတ်ပေးဖို့အတွက်ဖမ်းခေါ်လာတာမဟုတ်ဘူး အရမ်းတွေသတ္တိရှိပြမနေနဲ့ မင်းကိုဘယ်သူမှလာမကယ်ဘူး"

"မောင် လာကယ်မှာ"

"အော် ဂျောင်ဂုလား သူကထောင်ထဲမှာဆိုတော့ မျှော်လင့်ချက်တွေသိပ်ထားမနေနဲ့ ကောင်လေး"

"ခင်ဗျားက ဂျောင်ဂုအဖေမလား ကိုယ့်သားတစ်ယောက်လုံး အဖမ်းခံထားရတာကို နည်းနည်းလေးမှမခံစားရဘူးလား"

"ဘာလို့ခံစားရမှာလဲ ဂျောင်ဂုက ငါ့သားအရင်းမှ မဟုတ်တာ"

"ဘယ်လို"

"ဟုတ်တာပေါ့ Black Fox အဖွဲ့ကိုဉီးဆောင်ဖို့အတွက် မိဘမဲ့ဂေဟာကနေ ‌ကလေးတစ်ယောက်ကိုမွေးစားထားရုံသက်သက်ပဲ အခုအသုံးမလိုတော့ ရဲလက်အပ်လိုက်တာဘာများထူးဆန်းနေလို့လဲ"

"ခင်ဗျားး ခင်ဗျားတော်တော်ယုတ်မာတာပဲ"

"ပြီးတော့ ရှိသေးတယ် မင်းတို့တွဲနေတဲ့သတင်းကို အထက်လူကြီးတွေဘယ်လိုသိသွားလဲရော သိချင်လား ငါသတင်းပေးလိုက်တာ မင်းတို့အရာရှိကြီးလဲ ငွေမြင်တော့ခွေးကသခင်ကို ခစားတဲ့အတိုင်းပဲ ငါ့အမိန့်ကိုမလွန်ဆန်နိုင်ဘူး ဟားးးဟားးး"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now