Part_23

529 33 0
                                    

ကားပေါ်မှဆင်းလိုက်သည်နှင့် ရင်းနှီးနေတဲ့ဆိုလ်းမြို့ရဲ့အငွေ့အသက်နှင့်အတူ တစ်ချိန်ကအမှတ်တရတစ်ချို့က မှတ်ဉာဏ်ထဲအလုအယက်ဝင်ရောက်လာကြသည်

"CEO ဂျွန်ဂျောင်ဂုခင်ဗျာမေးခွန်းလေးတွေဖြေပေးသွားပါအုံးဗျ"

"အခုလိုကိုးရီးယားကိုပြန်လာတာက စီမံကိန်းအသစ်တွေများရှိလို့လားဗျ"

"မဟုတ်ပါဘူး အဲ့ဒီ စီမံကိန်းတွေထက် ပိုအရေးကြီးတဲ့ ကျွန်တော်မြတ်နိုးရတဲ့လူတစ်ယောက်ကိုလာရှာတာပါ"

"ဝါးးးး CEO က မိုက်တယ်ဟ အပြင်မှာပိုချောတယ်"

"မြတ်နိုးရတဲ့လူဆိုတော့ ကောင်မလေးလားမသိဘူး"

"ကောင်မလေးရှိလဲ တို့ကတော့ကြိုက်တယ်"

"သူမက CEO ရဲ့ကောင်မလေးလားမသိဘူးဗျာ"

ဂျာနယ်လစ်တစ်ယောက်က အဲ့လိုမေးလိုက်တော့ ဂျောင်ဂု မျက်မှန်ကိုင်းကိုတစ်ချက်ပင့်တင်လိုက်ပြီး တွေဝေနေခြင်းမရှိဘဲ

"ကျွန်တော်ပြောတဲ့မြတ်နိုးရတဲ့လူဆိုတာ ကျွန်တော့်ကောင်လေးပါ"

"ဝိုးးးး CEO ကကောင်လေးတစ်ယောက်နဲ့တွဲနေတာတဲ့လား"

"အင်တာဗျူး ဖြေချိန်ပြီးသွားပြီမို့ CEO ကိုသွားခွင့်ပြုပါအုံးဗျ"

"CEO ‌မသွားပါနဲ့အုံး မေးခွန်းလေးတွေဖြေပေးသွားပါအုံးးးဗျ"

သူ့အတွင်းရေးမှုးမှ ဝင်ပြောတော့ ဂျာနယ်လစ်တွေနဲ့ ပရိတ်သတ်တွေက အလုအယက် ဓာတ်ပုံရိုက်ကြ တိုးဝှေ့ကြနဲ့ ရှုတ်ယှက်ခက်နေကြသည်

"ဟူးးး မွန်းကြပ်လိုက်တာ"

LA ကိုမသွားခင် ဂျီမင်းနဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေ့ကနေစပြီး ဂျီမင်းသတင်းဆို အစအနတစ်ခုတောင်မှစုံစမ်းလို့မရခဲ့ ဂျေး ကိုမေးတော့လဲ ဘာမှပြန်မဖြေ နေရောကောင်းရဲ့လား သူ့ကိုကူညီခဲ့တဲ့ကိစ္စကြောင့်ပြသာနာတွေများဖြစ်ခဲ့သေးလား မောင့်ကိုရော လွမ်းနေရဲ့လားဆိုတဲ့ မေးခွန်းတွေ‌နဲ့ အိပ်မရခဲ့တဲ့ညများစွာ မောင်ဟာ ရူးမတတ်ပါပဲ

"ဒီနေ့မှာတော့ ဂျွန်လုပ်ငန်းစုရဲ့ CEO ဂျွန်ဂျောင်ဂုဟာ ကိုရီးယားနိုင်ငံကို သုံးနှစ်အကြာမှာပြန်လည်ရောက်ရှိနေတာပဲဖြစ်ပါတယ် CEO ကတော့အရင်လိုပဲ ခန့်ညားတဲ့ရုပ်ရည်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုဖမ်းစားနိုင်တုန်းပါပဲ"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now