Part_9

558 36 3
                                    

"ဂျီမင်း"

မနက်စာ‌ပြင်နေတုန်း အနောက်မှသိုင်းဖက်လာသည့်လက်တစ်စုံ

"ဘာလုပ်တာလဲ ဖယ်တော့ ငါမနက်စာပြင်နေတာ"

"ဒီတိုင်းလေးခဏလေးပဲနေမယ်လေနော်"

"ဖယ်လို့.... ငါနေရခက်တယ်"

"မနေ့ကနမ်းတာကျတော့ရော နေရမခက်ဘူးလား"

စကားပြောပြီဆို အဲ့နမ်းတဲ့အကြောင်းလေးပါလိုက်ရမှ တကယ်အကျင့်မကောင်းတဲ့ယုန်ဆိုးကြီး အနောက်ကိုမျက်စောင်းလေးထိုးကာလှည့်ကြည့်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေကသူ့ကိုရီဝေဝေဖြင့်စိုက်ကြည့်နေသည်  အဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက ဂျီမင်းရဲ့အားနည်းချက် သူရော အဆင်ပြေနေတယ်မလား ဘာစိတ်မှမရှိဘဲ ဒီတိုင်းကျေးဇူးတင်စကားလေးပဲပြောချင်နေတာမို့ မင်းနဲ့ပြန်ဆုံချင်သေးတယ်

"ဂျီမင်း....ကိုယ်နဲ့တွဲ‌မယ်မလားဟင်"

"ငါကအဲ့လောက်တောင်လွယ်နေလို့လား"

"ဂျီမင်းကလည်းကွာ ကိုယ်ကအဲ့လိုသဘောမဟုတ်ပါဘူး"

"မင်းအတင်းချုပ်နမ်းပြီး ဖက်ချင်တဲ့အချိန်လာဖက်နေရအောင် ငါကမင်းအတွက်အရမ်းလွယ်ကူနေတာမလား"

"ဂျီမင်း!!!!"

ဂျီမင်းတို့များ ကိုယ်သဘောကျနေရင်တောင်နည်းနည်းလောက်တော့ မာနလေးပြလိုက်ရမှကျေနပ်တာ

"ငါရင်မဆိုင်ရဲတာသိလား မင်းမှာစေ့စပ်မယ့်သူရှိရဲ့သားနဲ့ မင်းကိုသဘောကျမိရင် လူတွေငါ့ကိုဘယ်လိုမြင်ကြမလဲ ဟမ် မင်းအဲ့တာကိုရောစဉ်းစားမိလား အချစ်ဆိုတာ ကစားချင်တိုင်းကစားလို့ရတဲ့အရာမှမဟုတ်တာ"

"ဘာလို့ တစ်ခြားသူတွေအမြင်ကိုဂရုစိုက်နေမှာလဲ ဂျီမင်းရယ် မင်းသာကိုယ့်ကိုပြန်ချစ်ရင်ကိုယ်စွန့်လွှတ်ပစ်မယ့်အရာတွေမှအများကြီး စေ့စပ်ပွဲဆိုတာ အချိန်မရွေးဖျက်သိမ်းလိုက်လို့ရတယ် ကိုယ်မှသူ့ကိုသဘောမကျပဲ"

"အဲ့လောက်ထိလွယ်ကူမနေဘူး"

"အဲ့တာဆို ဂျီမင်းကလူတွေရဲ့အပြောကြောင့်နဲ့ ကိုယ်ချစ်ရတဲ့သူကိုလက်လွှတ်ခံနိုင်လို့လား ကိုယ်တော့လက်လွှတ်မခံဘူးနိုင်ဘူးနော် မင်းအနားမှာမရရတဲ့နည်းနဲ့ဆက်တွယ်ကပ်နေအုံးမှာ ကိုယ့်ထမင်းကိုယ်စားပြီး ပတ်ခ်ဂျီမင်းကိုချစ်တာ ဘယ်သူ့ကိုစောက်ဂရုစိုက်နေရအုံးမှာလဲ"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now