Part_18

485 36 2
                                    

"ခေါင်းဆောင် အဖွဲ့ဝင်တွေအကုန်အဆင့်သင့်ဖြစ်ပါပြီ"

"‌ဟုတ်ပြီ အစီစဉ်တိုင်းပဲဆက်သွားကြမယ် နောက်ဆယ်မိနစ်နေရင် သူတို့စခန်းကိုဝင်သိမ်းမယ်"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

"ဂျီမင်း.... မင်းဒီလိုလုပ်မှာ‌သေချာလား သူ့ကိုတကယ်ပဲရဲလက်အပ်မလို့လား"

"အင်း အချိန်မရှိဘူး ငါတို့လဲသွားကြမယ်"

"ပတ်ခ်ဂျီမင်းကိုသေချာစောင့်ကြည့်ထား"

"ဟုတ်ကဲ့ပါ သခင်ကြီး"

"ဟက်!! ပတ်ခ်ဂျီမင်း....မင်းငါ့လက်ကပြေးမလွှတ်ပါဘူးကွာ မင်းကြောင့်ငါ့အစီစဉ်တွေပျက်စီးကုန်တာ တွေ့ကြသေးတာပေါ့ ကစားပွဲစဖို့ မစောင့်နိုင်တော့ဘူး"

"သခင်လေး!!!!သခင်လေးး အရေးပေါ်အခြေအနေဖြစ်နေပြီ"

"ဘာဖြစ်လို့လဲ"

"စခန်းရှေ့မှာရဲတွေရောက်နေတယ်"

"ဘာ!!!! ကျစ်! သူတို့ကဒီနေရာကိုဘယ်လိုသိသွားတာလဲ အကုန်အသင့်ပြင်ထားကြ တိုက်ခိုက်ဖို့အမိန့်ပေးတယ်"

"ဟုတ်ကဲ့"

"ဂျေးးးး အပြင်မှာရဲတွေရောက်နေတယ် ငါ့ကိုအဖေ့ဆီဆက်သွယ်ပေးအုံး"

ဂျေး ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ဂျောင်ဂုအဖေဆီဖုန်းခေါ်လိုက်သည်

"ဟဲလို ဂျောင်ဂု အဖေပေးတဲ့လက်ဆောင်လေးသဘောကျရဲ့လား"

"ဗျာ.....လက်ဆောင်ဟုတ်လား"

"ဒါပေါ့ ရဲတွေလေ မင်းတို့စခန်းရှေ့ရောက်နေပြီမလား အဲ့တာသားအတွက်အဖေမဂ်လာလက်ဖွဲ့ပေးတာ ကြိုက်မယ်လို့မျှော်လင့်ပါတယ်"

သူ့အဖေပြောတဲ့စကားတွေကိုဂျောင်ဂုတစ်ယောက်နားမလည်ပေမယ့် သေချာတာတစ်ခုကတော့ သူအဖေ့ဆီမှာ သစ္စာဖောက်ခံရပြီဆိုတာပဲ

"အဖေ ဘာတွေလျှောက်လုပ်နေတာလဲ
ကျနော့်ကိုပြောတော့ ပြည်ပကအဖွဲ့တစ်ခုကိုရှင်းပေးရမှာဆို အခုဒါကဘာ‌သဘောလဲ"

"ကြားတဲ့အတိုင်းပဲ မင်းကတုံးလွန်းတော့ရှင်းပြလဲနားလည်မှာမဟုတ်ဘူး မင်းပဲမဟုတ်ဘူးဂျောင်ဂု မင်းကောင်လေးရောတုံးအလွန်းတယ် သူကတော့သနားစရာလေးပါ ဘာမှမသိရှာဘူး ဟားးးးဟားးး"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now