Part_10

537 40 2
                                    

တီးတောင်...

ဂျီမင်းအလုပ်သွားရန်ပြင်ဆင်နေတုန်း အိမ်ရှေ့မှလူခေါ်ဘဲလ်ကြောင့် မောင့်ကိုသွားဖွင့်ခိုင်းရတော့သည်

"မောင်ရေ တံခါးလေးသွားဖွင့်ပေးပါအုံး"

"အာဘွားပေးရင် သွားဖွင့်ပေးမယ်"

"မောင်နော် ရစ်မနေနဲ့ အရေးကြီးတဲ့ဧည့်သည်ဆိုဘယ်လိုလုပ်မလဲ သွားဖွင့်ပေးလိုက် ပြန်လာရင်အဘွားပေးမယ်"

"တကယ်နော်"

"အင်း"

မောင်ဟာလေ စတွဲ‌ထဲက တစ်ခုခုလုပ်ခိုင်းပြီးဆို အဘွားပေးမှ လုပ်ပေးမယ်ဆိုတဲ့မောင်ရယ်ပါ မောင်ကတကယ်အဆိုးလေး

"ဂျီမင်း...အမယ်လေး.....ဂျောင်ဂု
မင်းကဒီကိုဘယ်လိုရောက်နေတာလဲ"

ဝင်လေဆိုသည့်အကြည့်ဖြင့် မျက်ရိပ်မျက်ခြေပြလာတော့ ထယ်ယောင်းသိပ်မကျေနပ်ချင် ဂျီမင်းအိမ်လာပြီးပိုင်စိုးပိုင်နက်နဲ့

"မောင်....ဘယ်သူလာတွေ့တာလဲ"

ပြန်ဖြေသံမကြားရတာကြောင့် ဂျီမင်းအောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် တွေ့ပါပြီ ဧည့်ခန်းထဲမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း အကြည့်ချင်းစစ်တိုက်နေကြတဲ့ မြတ်နိုးရတဲ့မောင်နဲ့ အချစ်ရဆုံးသူငယ်ချင်းလေးထယ်‌ယောင်း
ဂျီမင်း ထယ်ယောင်းကိုတွေ့တာနဲ့ ကပျာကယာပြေးလာပြီး နှုတ်ဆက်ရတော့သည်

"ထယ်ယောင်း ဘယ်လိုလုပ်ရောက်လာတာလဲ"

"ကိုယ့်သူငယ်ချင်းအိမ်လာတာတောင်မလာရဘူးလား စိမ်းကားတယ်နော် ဂျီမင်း"

"အဲ့လိုမဟုတ်ပါဘူး မလာတာကြာပြီမို့ပါ"

စကားပြောနေရင်း လက်ကိုဆွဲကာ မောင့်ရဲ့ရင်ခွင်ကျယ်ကြီးထဲဆွဲသွင်းခံလိုက်ရတဲ့ ဂျီမင်း

"အ့ မောင်"

ထယ်ယောင်းတစ်ယောက်ရေပင်ထသီးတော့သည်

"ဂျီမင်း မင်းခုနက ဂျောင်ဂုကိုဘယ်လိုခေါ်လိုက်တာ"

ထယ်ယောင်းမေးတော့မှ ဂျီမင်းမျက်လုံးလေးတွေအပြူးသားနဲ့ မောင့်ကိုတစ်လှည့် ထယ်ယောင်းကိုတစ်လှည့်ကြည့်နေမိတော့သည် ထယ်ယောင်းမှမောင်နဲ့တွဲနေတာကိုမသိသေးတာ သူ့ကိုမပြောပြလို့စိတ်ဆိုးရင်တော့ဒုက္ခပဲ

အမှောင်ယံညရဲ့ လင်းလက်ကြယ်Tahanan ng mga kuwento. Tumuklas ngayon