Part_16

495 39 0
                                    

မျက်နှာနုနုလေးပေါ်ဖြာကျနေတဲ့ဆံနွယ်လေးတွေကိုဖယ်ပေးရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်‌ပျော်နေတဲ့ချစ်ရသူလေးကိုဂျောင်ဂုအချိန်အကြာကြီးငေးကြည့်နေမိသည်
လရောင်မှိန်မှိန်လေးကအခန်းထဲကိုဖြာကျနေပြီး တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့
မောင့်ရဲ့သက်ပြင်းချသံများကတိုး‌ဖျော့စွာ......

မောင်ဖြင့်လေ နိုးထလာတဲ့မနက်ခင်းတိုင်းမှာမင်းရဲ့အပြုံးလှလှလေးတွေကိုမြင်ခွင့်မရတော့မှာသိပ်ကြောက်တာပဲ နူးညံ့ချိုမြိန်တဲ့အနမ်းတွေကိုမခံစားရတော့မှာလည်းကြောက်တယ် ဒါပေမယ့်လည်းဘယ်တတ်နိုင်ပါ့မလဲအချစ်ရယ် မောင်ရွေးချယ်ခဲ့တဲ့လမ်းကိုမောင်ကိုယ်တိုင်လျှောက်ရတော့မှာပေါ့ နာကျင်မှာသိပေမယ့် မင်းအနမ်းတွေအစားဆေးလိပ်ငွေ့တွေကိုသာမောင်အဖော်ပြုပြီးနေလိုက်ပါမယ်.........

ဂျီမင်းရဲ့နဖူးပြင်လေးကို
အနမ်းဖွဖွလေးတစ်ချက်ပေးပြီး ဂျောင်ဂုအခန်းထဲမှတိတ်တဆိတ်ထွက်ခွာသွားခဲ့သည်
နှုတ်ဆက်ခဲ့ပါတယ် မောင့်အချစ် မောင့်ကိုမေ့လို့ရရင်‌မေ့လိုက်ပါ.......💔

_______ ______  _________ _____ ____

"သခင်ကြီး..... စံအိမ်အပြင်မှာလူတစ်ယောက်လာသောင်းကျန်းနေလို့ပါ"

"ဘယ်လို မင်းတို့ကမထိန်းဘူးလားသူ့ကို"

"ကျွန်တော်တို့ထိန်းပါသေးတယ် ဒါမဲ့သူကတိုက်ခိုက်တာကျွမ်းတဲ့ပုံပဲ ကျွန်တော်တို့တပည့်တွေလဲ‌သူ့လက်ချက်နဲ့ခေါင်းမထူနိုင်တော့ဘူး......"

"တောက်စ်......ဘယ်ကလေကချေကများငါ့အိမ်တော်ထဲဝင်လာပြီး ငါ့လူတွေကိုထိပါးရဲရတာလဲ"

"ပြီးရင်သူကပြောသေးတယ် သူ့ကိုယ်သူသခင်လေးရဲ့ကောင်လေးဆိုပြီး"

မနက်အစောကြီး ဂျွန်အိမ်တော်တွင် ဆူညံသံများအပြည့်ဖြင့် ဂျောင်ဂုနိုးလာရသည်

"ဘာတွေဖြစ်နေကြတာလဲ"

"ဟို.....ဟို....."

စကားကိုဆုံးအောင်မပြောပဲ တစ်ဟိုဟိုနဲ့ တုံ့ဆိုင်းနေတဲ့အိမ်တော်ထိန်းကြီးကို ဂျောင်ဂုစိတ်မရှည်တော့ပေ

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now