Part_8

588 45 2
                                    

"သခင်ကြီး စုံစမ်းခိုင်းထားတဲ့ ပတ်ခ်ဂျီမင်းရဲ့အချက်အလက်တွေပါ"

"ဟက်! သူ့အ‌ဖေကဌာနချုပ်ရဲ့ ဗိုလ်မှုးလား
ဒါဆိုကစားကွက်လှလှလေးတွေရွေ့ရတော့မှာပေါ့"

"သမီး ဆူရီ ဘာမှစိတ်မပူနဲ့ ဂျောင်ဂုကသမီးအပိုင်ပဲ"

"ဟုတ်ကဲ့ပါ အန်ကယ် ဖြစ်နိုင်ရင်သမီးတို့လက်ထပ်ပွဲကိုအမြန်ဆုံးစီစဉ်ချင်ပါတယ် သမီးကိုကို့ကိုစိတ်မချဘူး"

"ဖြစ်စေရမယ် သမီးလေးက အန်ကယ်တို့မိသားစုဝင်ဖြစ်လာမယ့်သူပဲ လိုချင်တာအကုန်ရစေရမယ်"
**************************************************

"ထယ်ယောင်း ငါ့ကိုစောင့်အုံးဟ"

"စောင့်နေပါတယ်နေ့တိုင်း မင်းမှမလာတာ"

"ထယ်ယောင်းကလည်းကွာ ဘာတွေစိတ်ဆိုးပြန်နေပြီလဲ"

"အော် စိတ်ဆိုးနေမှန်းသိသေးတာပဲ ဂျွန်ဂျောင်ဂုနဲ့ပဲအချိန်ကုန်တာများလို့ငါ့ကိုတောင်မေ့နေပြီလားလို့"

"ဒီသူငယ်ချင်းတစ်ယောက်ပဲရှိတာမေ့စရာလားကွာ ဒီနေ့တစ်ရက်လုံးမင်းကိုအချိန်ပေးမယ် ဟုတ်ပြီလား စိတ်ကောက်မနေနဲ့ကလေးလဲမဟုတ်ပဲ"

အခုနောက်ပိုင်း ဂျောင်ဂုနဲ့ပဲတွေ့တာများတော့ထယ်ယောင်းတစ်ယောက်သူ့ကိုစိတ်ဆိုးနေပြီ ငယ်ငယ်ကနေ ဂျီမင်းဆိုတာထယ်ယောင်းနဲ့ပဲရင်းရင်းနှီးနှီးနေတတ်တဲ့သူမို့ အခုလိုသူစိမ်းတစ်ယောက်က သူ့နေရာက်ိုဝင်လုလာတော့ ထယ်ယောင်းသဝန်တိုမိတာ မမှားပါဘူး ဂျွန်ဂျောင်ဂုဆိုတဲ့ CEO ကိုလည်းတစ်စက်မှကြည့်ရတာမဟုတ် company ကြီးထောင်ထားပြီးအားတိုင်း စခန်းကိုပဲလာနေနေတာ အဲ့လောက်စခန်းမှာနေချင်ရင် ထောင်ထဲထည့်ထားပေးရမယ်

"ခေါင်းဆောင် ဧည့်သည့်ရောက်နေတယ်ဗျ"

"ဟုတ်လား ခဏစောင့်ခိုင်းထားလိုက် လာခဲ့မယ်နော်"

"တွေ့လား စကား‌အကောင်းတောင်မပြောရသေး ဧည့်သည်ကရောက်လာပြီ"

"ထယ်ယောင်းကလည်း ညကျရင်တူတူသောက်ကြမယ်လေအခုတော့ဧည့်သည်နဲ့သွားတွေ့လိုက်အုံးမယ်"

"ရှင် ကပတ်ခ်ဂျီမင်းလား"

"ဟုတ်ပါတယ် ကိစ္စရှိလို့လား ထိုင်ပါအုံးဗျ"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now