အပိုင်း(၁)

213 8 0
                                    

Zawgyi

"ဝုတ် ဝုတ်"

" ဝေါင်းး"

"ညှောင်"

"ကျစ်" ဆူညံသံတွေကြောင့် အိပ်ရာမှ နိုးသွားခဲ့ရသော ' မဟော် 'တစ်ယောက်စိတ်တိုင်းမကျ ဖြစ်ရသည်။
ph screenပေါ်က နာရီကိုလှမ်းကြည့်မိတော့ 7:00AM ခါတိုင်း ရုံးပိတ်ရက်တွေဆို အိပ်ရာက နောက်ကျမှ ထတတ်တာ သူမရဲ့ အကျင့်တစ်ခုပင်။ နောက်ကျသည်ဆိုသည်မှာလဲ မနက် 8:30 ဆိုတာအလွန်ဆုံး။
တစ်ပတ်လုံးလုံး စိတ်ရော ကိုယ်ပါ ပင်ပန်းထားရသည် မဟုတ်ပါလား။ တစ်နေ့တစ်နေ့ အမှုကိစ္စပေါင်း မြောက်များစွာနဲ့ မအားလပ်နိုင်ပါ အခုပိတ်ရက်လေးကျတော့လည်း အနှောင့်အယှက်က ပေါ်လာသည်လေ။

"ဟူးးးးး "

ပြန်အိပ်လို့မရမယ့် အတူတူတော့ အိပ်ရာက ထလိုက်တာပဲကောင်းသည်မလား။ ဒီနေ့မနက်ခင်းနိုးလာကတည်းက ဘာမှကိုလုပ်ချင်စိတ်ရှိမနေအောင် စိတ်က နောက်ကျိနေသည်။ အိပ်ရေး မဝတာလည်း ပါသည်ပေါ့။

မျက်နှာသစ် သွားမတိုက်ခင် အပေါ့အပါး အရင် သွားတတ်သည့် အကျင့်ကြောင့် အိမ်သာဝင်နေတုန်း ခွေးဟောင်သံနှင့် ဆူညံသံတွေထပ်ထွက်လာသည်။

" အပေါ့အပါးတောင် ဖြောင့်အောင်မသွားရပါလားနော်"

အပေါ့သွားပြီး အသံရာ ခြံထဲသို့ သွားကြည့်ဖို့ လုပ်ရတော့သည်။ မန္တလေးရဲ့ ဆောင်းတွင်းမနက်ခင်းဟာ အေးစိမ့်စိမ့်နိုင်လှသည်မို့ အမွေးပွ ခေါင်းစွပ်ဦးထုပ်ကို ဖြစ်သလို ဆွဲဆောင်းလာရသည်။
ခြံဝန်းနှင့်အိမ်က သိပ်မဝေး။ အသံလာရာက ခြံရှေ့နားဆီကဆိုတော့ ခြံပေါက်ဝထိလျှောက်လာလိုက်သည်။

ဟော... တွေ့ပါပြီ ဆူညံနေတဲ့ တရားခံတွေ။

ကြောင်ပေါက်စလေး တစ်ကောင်ကို လမ်းဘေးခွေး နှစ်ကောင်က လိုက်ဆွဲနေသည်လေ။
ဟိုကိုယ်တော်ကြောင်ပေါက်စကလည်း ဘယ်လာက်ထိကြောက်လာလဲတော့မသိဘူး မြင့်ပါသည်ဆိုတဲ့ အိမ်ရှေ့က ပိတောက်ပင်ကြီးပေါ်ကိုရောက်နေပြီး တုန်ယင်နေသည်။ သူ့အရွယ်အစားနဲ့ဘယ်လိုများတက်သွားလိုက်သလဲ...။

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now